ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်နိုင်ရေး တိုက်တွန်း

ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်လာကြဖို့ အရပ်ဖက် လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တွေက ရန်ကုန်မြို့ ယုဒဿန်ခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲမှာ တိုက်တွန်းပြောဆိုလိုက်တယ်လို့ ဆွေးနွေးပွဲ ဦးဆောင် ကျင်းပတဲ့ Woman Glaxy အဖွဲ့တာဝန်ခံ မယဉ်မျိုးလှိုင်က RFA ကို ပြောပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်လာကြဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်း က ခေါင်းဆောင်တွေက ရန်ကုန်မြို့ ယုဒဿန်ခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်း အမှတ်ဆွေးနွေးပွဲမှာ တိုက်တွန်းပြောဆိုလိုက်တယ်လို့ ဆွေးနွေးပွဲ ဦးဆောင်ကျင်းပတဲ့ Woman Glaxy အဖွဲ့ တာဝန်ခံ မယဉ်မျိုးလှိုင်က RFA ကို ပြောပါတယ်။

"စစ်နဲ့ ပဋိပက္ခကြားမှာ အကြမ်းဖက်ခံနေရတာကတော့ အမျိုးသမီးတွေ အများဆုံးဖြစ်နေတယ်လေ၊ ဒါကြောင့်မို့ အဲ့ဒီလို အမျိုးသမီးရေးတွေကို ပါဝင်ဆွေးနွေးပေးဖို့၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီပွဲကိုလုပ်တာ"

ဒီနေ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက မနိုးနိုးထက်စံတို့က ပြည်တွင်းစစ်ပဋိပက္ခတွေမှာ အမျိုးသမီးအများစုတို့ အကြမ်းဖက်ခံနေရတဲ့ အကြောင်းတွေ ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပြီး၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေက ပရိသတ် တစ်ရာလောက်တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org