အမျိုးသမီးတွေဟာ နေရာရမယ် ဆိုရင် စွမ်းဆောင်နိုင်ရည်ရှိဟုဆို
အမျိုးသမီးတွေဟာ Space ဆိုတဲ့နေရာသာ ရမယ်ဆိုရင် စွမ်းဆောင်နိုင်ရည်ရှိတယ်လို့ SWAN ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်းနဲ့ MAP နေရပ်ရွှေ့ပြောင်း သူများ အကူအညီပေးရေးအဖွဲ့ ပူးတွဲထူထောသူ ဒေါ်ဌေးဌေး က မနေ့က ပြောကြားလိုက်ပါတယ်။
-
2013-06-28 -
-
-
Your browser doesn’t support HTML5 audio
အမျိုးသမီးတွေဟာ Space ဆိုတဲ့နေရာသာရမယ်ဆိုရင် စွမ်းဆောင်နိုင်ရည်ရှိတယ်လို့ SWAN ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းနဲ့ MAP နေရပ်ရွှေ့ပြောင်းသူများ အကူအညီပေးရေးအဖွဲ့ ပူးတွဲထူထောင်သူ ဒေါ်ဌေးဌေးက မနေ့က ပြောကြားလိုက်ပါတယ်။
သူဟာ WLB မြန်မာအမျိုးသမီးများ အဖွဲ့ချုပ်ထူထောင်ရာမှာလည်းပါဝင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်အခြေစိုက် ကမ္ဘာတဝန်း ဒီမိုကရေစီထွန်းကားရေးအတွက် ပံ့ပိုးကူညီနေတဲ့ NED- National Endowment for Democracy က ကြီးမှူးကျင်းပတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက် ဒီမိုကရေစီက အလုပ်ဖြစ်နိုင်သလားဆိုတဲ့ ဆွေးနွေးပွဲမှာ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး ရှမ်းအမျိုးသမီး ဒေါ်ဌေးဌေးက ပြောကြားခဲ့တာပါ။
အမျိုးသမီးစွမ်းရည်မြှင့်ရေးဟာ WLB ရဲ့ အဓိကဦးစားပေးလုပ်ငန်းဖြစ်ပြီး ဒီအဖွဲ့စတင်ထူထောင်လာကတည်းက အမျိုးသမီးတွေ နေရာဖန်တီးရေးအတွက် စွမ်းရည်မြှင့်တင်ပေးခြင်းလုပ်ငန်းတွေ ပြုလုပ်ခဲ့ပါတယ်။
WLB က ကူညီထောက်ပံ့ပေးတာတွေ အမျိုးသမီးတွေနေရာရအောင်လုပ်ပေးတာတွေဟာ အဖွဲ့ဝင်ဖြစ်တဲ့ အဖွဲ့အစည်းတွေအတွက် အထူးအကျိုးကျေးဇူးရှိစေပါတယ်လို့ ဒေါ်ဌေးဌေးက ပြောပါတယ်။
ဒါ့ပြင် မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ်မှာ ကိုလိုနီခေတ်ကစလို့ အမျိုးသမီးတွေ ပါဝင်လာပုံ၊ နိုင်ငံရေးနဲ့ လက်နက်ကိုင် ပဋ္ဋိပက္ခတွေကြောင့် နယ်စပ်ကို ထွက်ပြေးလာရတဲ့ အမျိုးသမီးတွေရဲ့ ဒီမိုကရေစီရေးနဲ့ အမျိုးသမီးရေးလှုပ်ရှားမှုတွေ၊ ပြည်ပ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းက အမျိုးသမီးတွေ ချိတ်ဆက်မှု၊ ၁၉၈၈ နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လာတဲ့ အခန်းကဏ္ဍ စတာတွေကိုလည်း ရောင်စုံဆလိုက်တွေနဲ့ တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံအပြောင်းအလဲမှာ အမျိုးသမီးတွေအတွက် အခွင့်အလမ်းကောင်းတွေရှိသလို တိုင်းရင်းသားဒေသတချို့က ပဋ္ဋိပက္ခတွေလို တခြားစိန်ခေါ်မှုတွေလည်းရှိတယ်လို့ ဒေါ်ဌေးဌေးက ပြောကြားခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို မြန်မာ့အရေးနဲ့ အမျိုးသမီးအရေး စိတ်ဝင်စားသူတစ်ရာလောက် တက်ရောက်ခဲ့ကြပါတယ်။
မြန်မာအမျိုးသမီးရေးရာ ဆွေးနွေးပွဲအကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။