ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်စီမံကိန်း ရပ်တန့်ပေးဖို့ တောင်းဆို

မြန်မာနဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးထိခိုက်မှုတွေ ရှိနေတဲ့အတွက် ဒီစီမံကိန်းကို ချက်ခြင်းရပ်ဆိုင်းပေးဖို့ ထားဝယ်အမျိုးသမီးများသမဂ္ဂ TWU က ဒီနေ့ တောင်းဆို လိုက်ပါတယ်။

မြန်မာနဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးထိခိုက်မှုတွေ ရှိနေတဲ့အတွက် ဒီစီမံကိန်းကို  ချက်ခြင်းရပ်ဆိုင်းပေးဖို့ ထားဝယ်အမျိုးသမီးများသမဂ္ဂ TWU က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး လက်ရှိမှာ ဒေသခံတွေ ခြိမ်းခြောက်ခံနေရတာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ကြုံနေရတဲ့အတွက် ကြေညာချက်ထုတ်ပြန်ပြီး အခုလို တောင်းဆိုရတာဖြစ်ကြောင်း TWU ရဲ့ အထွေထွေအတွင်းရေးမှူး မယ်စုစုဆွေက ပြောပါတယ်။

ဒေသခံတွေက အခုအချိန်မှာ အကြောက်တရားတွေနဲ့ ရင်ဆိုင်နေရတာရှိပါတယ်၊ ခြိမ်းခြောက်မှုတွေပေါ့၊ အခုအချိန်မှာ ဒေသခံတွေက လယ်ယာမြေတွေကို မရောင်းပေမယ့် သူတို့ကအတင်းအဓမ္မ လမ်းတွေဖောက်ပြီးတော့ စက်ယန္တရားတွေနဲ့ ဒေသခံတွေ ခွင့်မပြုပဲနဲ့ တွန်းဖြိုတဲ့ဟာတွေက တကယ့်ကို ဆိုးရွားတဲ့အခြေအနေတွေမှာ ရှိနေပါတယ်၊ အဲလိုမျိုး ခြိမ်းခြောက်မှုတွေ၊ ဖိနှိပ်မှုတွေကို ကျမတို့ အဲလိုထုတ်ပြန်ရခြင်းဖြစ်ပါတယ်”

ဒါ့အပြင် ဒီစီမံကိန်းကြောင့် ဒေသအတွင်း လမ်းတွေပျက်စီးစေပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်နေရသလို  စီမံကိန်းအတွက်ဆောက်လုပ်ထားတဲ့ လမ်းသစ်တွေကြောင့်လည်း ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် လယ်ယာတွေ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ အထူးသဖြင့် ဆောက်လုပ်ဖို့ရှိတဲ့ ရေနံဓါတုလုပ်ငန်းနဲ့ ဓါတ်အားပေးစက်ရုံတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို စိုးရိမ်ရကြောင်း၊ အနာဂတ်မှာ ဘယ်လိုဖွံ့ဖြိုးရေးလုပ်ငန်းကိုမဆို ဒေသခံတွေရဲ့ သဘောထားကိုရယူပြီးမှ ဆောင်ရွက်စေလိုကြောင်း TWU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org