သြစတြေးလျစွမ်းအင်ကုမ္ပဏီ တရုတ် (သို့) ထိုင်းကို မြန်မာ့ ဓါတ်ငွေ့တင်ပို့ဖို့ စဉ်းစား
သြစတြေးလျနိုင်ငံရဲ့ အကြီးဆုံး စွမ်းအင် ရှာဖွေ ထုတ်ယူရေးကုမ္ပဏီဖြစ်တဲ့ Woodside ကုမ္ပဏီဟာ မြန်မာ့ ကမ်းလွန်ပင်လယ်ပြင် လုပ်ကွက်တွေကနေတွေ့ရှိထားတဲ့ သဘာဝဓါတ်ငွေ့တွေကို တရုတ် (ဒါမှမဟုတ်) ထိုင်းနိုင်ငံကို တင်ပို့ဖို့ စဉ်းစားနေကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။
-
2016-04-14 -
-
-
သြစတြေးလျနိုင်ငံရဲ့ အကြီးဆုံး စွမ်းအင်ရှာဖွေ ထုတ်ယူရေးကုမ္ပဏီဖြစ်တဲ့ Woodside ကုမ္ပဏီဟာ မြန်မာ့ ကမ်းလွန်ပင်လယ်ပြင် လုပ်ကွက်တွေကနေတွေ့ရှိထားတဲ့ သဘာဝဓါတ်ငွေ့တွေကို တရုတ် (ဒါမှမဟုတ်) ထိုင်းနိုင်ငံကို တင်ပို့ဖို့ စဉ်းစားနေကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။
Woodside ကုမ္ပဏီက လုပ်ကိုင်ခွင့်ရခဲ့တဲ့ လုပ်ကွက်တွေထဲက လုပ်ကွက်နှစ်ခုမှာ ဒီနှစ် ဇန်နဝါရီလနဲ့ ဖေဖော် ဝါရီတွေအတွင်း သဘာဝဓါတ်ငွေ့ပမာဏ အမြောက်အများတွေ့ ရှိခဲ့ပါတယ်။ အဲ့ဒီဓါတ်ငွေ့တွေကို မြန်မာနိုင်ငံဈေး ကွက်ထဲမှာတင် ရောင်းချနိုင်သလို၊ ထိုင်းနိုင်ငံကို ပိုက်လိုင်းကတဆင့် ပို့နိုင်တဲ့အပြင် တရုတ်ပြည်အထိ တင်ပို့နိုင် ပါတယ်။
Woodside ကုမ္ပဏီဟာ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ စွမ်အင်းရှာဖွေထုတ်ယူရေး လုပ်ကွက် ဧရိယာ အကျယ် အဝန်း အကြီးဆုံး လုပ်ခွင့်ရခဲ့တာပါ။ အစဦး လုပ်ကွက်နှစ်ခုမှာ သဘာဝဓါတ်ငွေ့အမြောက်အများ တွေ့ခဲ့ ရသလို၊ နောက်ထပ်လုပ်ကွက်တွေမှာလည်း များများစားစား ထပ်မံတွေ့ရှိနိုင်တယ်လို့ မျှော်လင့်နေပါတယ်။
တွေ့ရှိတဲ့ သဘာဝဓါတ်ငွေ့တွေကို ၂ဝ၁၇ ခုနှစ်မှာ စတင်ထုတ်ယူမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ ပြည်တွင်း အသားတင်ထုတ်လုပ်မှု GDP ပမာဏ စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို ထိုင်းနဲ့ တရုတ်ပြည်ကို ပိုက်လိုင်းက တဆင့်တင် ပို့နေတဲ့ သဘာဝဓါတ်ငွေ့က ရရှိတာဖြစ်ပါတယ်။