၈၈ နဲ့ မဏ္ဍိုင်အဖွဲ့ အလုပ်သမားတွေဖက်က အခမဲ့ကူညီမည်
၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ မဏ္ဍိုင်ဥပဒေအကယ်ဒမီအဖွဲ့တို့ ပူးပေါင်းပြီး အလုပ်ရှင်၊ အလုပ်သမားအကြား ဖြစ်ပေါ်နေ တဲ့ ပြဿနာရပ်တွေကို အလုပ်သမားတွေဘက်ကနေ ဥပဒေကြောင်းအရ အခမဲ့ကူညီဖြေရှင်းပေးမယ်လို့ မဏ္ဍိုင် ဥပဒေအကယ်ဒမီ အဖွဲ့ခေါင်းဆောင် တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
-
2013-06-09 -
-
-
Your browser doesn’t support HTML5 audio
၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ မဏ္ဍိုင်ဥပဒေအကယ်ဒမီအဖွဲ့တို့ ပူးပေါင်းပြီး အလုပ်ရှင်၊ အလုပ်သမားအကြား ဖြစ်ပေါ်နေတဲ့ ပြဿနာရပ်တွေကို အလုပ်သမားတွေဘက်ကနေ ဥပဒေကြောင်းအရ အခမဲ့ ကူညီဖြေရှင်းပေးမယ်လို့ မဏ္ဍိုင်ဥပဒေအကယ်ဒမီ အဖွဲ့ခေါင်းဆောင် တရားလွှတ်တော် ရှေ့နေ ဦးမောင်မောင်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်တဲ့ အလုပ်သမားဥပဒေ ဆွေးနွေးပွဲမှာ ဦးမောင်မောင်ဝင်းက ပြောကြားခဲ့တာပါ။
ဒီဆွေးနွေးပွဲကို မဏ္ဍိုင်ဥပဒေအကယ်ဒမီအဖွဲ့က ဦးဆောင် ကျင်းပတာဖြစ်ပြီး အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းက တာဝန်ရှိသူတွေ အပါအဝင် လူဦးရေ ၁ဝဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။
အလုပ်သမားတွေကို အခမဲ့ ကူညီဆောင်ရွက်ပေးမယ့် ဒီဥပဒေအဖွဲ့မှာ ရှေ့နေ ၂၈ ဦးရှိပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရုံးခန်းမှာ အလှည့်ကျရုံးထိုင်ကာ အလုပ်သမားရေးရာအမှုတွေကို ကူညီပေးနေတယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မရတနာဦးက စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။