အလုပ်သမားပြဿနာတွေကို ပူးပေါင်းဖြေရှင်းဖို့ ကုန်ထုတ်နဲ့စက်မှုသမဂ္ဂပန်ကြား
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မြန် မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားအဖွဲ့ချုပ်ရဲ့ ညီလာခံကနေ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ အလုပ်သမားသမဂ္ဂတွေကို ပြဿနာတွေ ပူးပေါင်းဖြေရှင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
-
2014-10-18 -
-
-
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှုအလုပ်သမားအဖွဲ့ချုပ်ရဲ့ ညီလာခံ ကနေ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ အလုပ်သမားသမဂ္ဂတွေကို ပြဿနာတွေ ပူးပေါင်းဖြေရှင်းဖို့ ဖိတ်ခေါ်လိုက် ပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၂ ရက်ကြာကျင်းပနေတဲ့ ပထဆုံးအကြိမ် ညီလာခံမှာ ရှေ့ လုပ်ငန်းစဉ်တွေကို မနေ့က ဆွေးနွေးခဲ့ကြတယ်လို့ လှိုင်သာယာ ရွှေသံလွင်စက်မှုဇုန် E-group အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုပြည့်ဖြိုးအောင်က RFA ကို ပြောပါတယ်။
"အလုပ်သမားတွေအတွက် အမခံပေးမှှုဆိုတာဘာမှသိပ်မရှိဘူး၊ လုပ်ငန်းရှင်ကလည်း သူအကျိုးအမြတ် ရပြီးတော့ အလုပ်သမားတွေကျတော့ ထိုက်သင့်တဲ့ခံစားတဲ့အခွင့်အရေး မပေးနိုင်ဘူးလား၊ အဲ့လိုကဏ္ဍ မျိုးတွေမှာ ကျနော်တို့က အကောင်အထည်ဖော်ပေးဖို့ တန်ဖိုးတွေကျဆင်းနေတဲ့ ဒီအလုပ်သမားတွေ ဘဝရေရှည်အောင် ခိုင်မာဖို့အတွက်အဖွဲ့သစ်ကို ကျနော်တို့ဖွဲ့တာပါ"
သမဂ္ဂဖွဲ့စည်းရာမှာပါဝင်မှုကြောင့် အလုပ်ထုတ်တဲ့ကိစ္စတွေ၊ လုပ်ခလစာနည်းပါးမှု၊ လုပ်ငန်းခွင်လုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု စတာတွေကို ဒီ ညီလာခံမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးနေပါတယ်။
မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှုအလုပ်သမားအဖွဲ့ချုပ်ရဲ့ ညီလာခံကို ရန်ကုန်၊ မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး စက်မှုဇုန်တွေက စက်ရုံအလုပ်ရုံ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ လေ့လာသူတချို့ပါ တက်ရောက်ခဲ့ပြီး မနက်ဖြန် ဒုတိယနေ့အဖြစ် ကျင်းပတဲ့အခါ အသင်းရဲ့ ဥက္ကဋ္ဌတစ်ယောက်နဲ့ ကော်မတီဝင် ၁၄ ဦးကို ရွေးကောက်တင်မြှောက်မှာ ဖြစ်ပါတယ်။