အနိမ့်ဆုံးလုပ်ခ ကျပ် ၄၀၀၀ သတ်မှတ်ဖို့ အလုပ်သမားတွေ ဆန္ဒပြ

အနိမ့်ဆုံးလုပ်ခလစာ တစ်ရက်ကို ကျပ် ၄၀၀၀ သတ်မှတ်ပေးဖို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက် အဖွဲ့ဝင်၂၀၀ ကျော်လောက်က ဒီနေ့ လှိုင်သာယာမြို့နယ် မှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

အနိမ့်ဆုံးလုပ်ခလစာ ကျပ် ၄၀၀၀ သတ်မှတ်ပေးဖို့ ဇူလိုင်လ ၁၂ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများ ကွန်ရက်အဖွဲ့ဝင်တွေ လှိုင်သာယာမြို့နယ်မှာ တောင်းဆိုဆန္ဒပြနေစဉ် Photo: Htet Arkar/RFA

အနိမ့်ဆုံးလုပ်ခလစာ တစ်ရက်ကို ကျပ် ၄၀၀၀ သတ်မှတ်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ ကွန်ရက် အဖွဲ့ဝင်၂၀၀ ကျော်လောက်က ဒီနေ့ လှိုင်သာယာမြို့နယ်မှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

အစိုးရက အဆိုပြုသတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးလုပ်ခလစာ တစ်ရက် ၃၆၀၀ ကျပ်ကို အပြည့်အ၀ ရနိုင်မယ်လို့ မယုံကြည်သလို၊ အလုပ်သမားတွေ ဖူလုံနိုင်တဲ့ တစ်ရက် ကျပ် ၄၀၀၀ ရဖို့ အခုလို ဆန္ဒပြ တာဖြစ်တယ်လို့ ဒီနေ့ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ စံကောင်း ပီနံအိတ်စက်ရုံ အလုပ်သမားသမဂ္ဂအဖွဲ့က ကိုအောင်စိုးမင်း က ပြောပါတယ်။

"၃၆၀၀ ကျပ်ကို အမျိုးသားကော်မတီက လက်ရှိမှာ အဆိုပြုထားတယ်၊ အလုပ်ရှင်တွေ က ကန့်ကွက်တယ်၊ သူရဲ့ဥပဒေက အဆိုပြုကန့်ကွက်သူရဲ့အဆိုကိုသာ ထည့်သွင်း စဉ်းစားပြီးပြင်ဆင်ပေးမယ်၊ အဲ့တော့ ကျနော်တို့ အလုပ်သမားတွေက မကန့်ကွက်ဘူး ငြိမ်နေမယ်ဆိုရင် အလုပ်ရှင်တွေက ၂၅၀၀နဲ့ ကန့်ကွက်ထား တဲ့အတွက် ၃၆၀၀ ကျပ် တည်ဖို့ဆိုတာ တကယ်ကိုမလွယ်ပါဘူး၊ ၃၆၀၀ အတည်ဖြစ်မယ်ဆိုရင်လည်း ကျနော် တို့အတွက် လောက်ငှဖို့က မလွယ်ပါဘူး၊ အဲ့တော့ ကျနော်တို့ ၃၆၀၀ ကိုလည်း ကန့်ကွက်တာဖြစ်သလို၊ ကျနော်တို့လောက်ငှဖို့တွက် ၄၀၀၀ ကိုတောင်းဆိုတာဖြစ်ပါတယ်"

လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ စက်ရုံ ၅ ရုံ ဝန်းကျင်က အလုပ်သမား ၂၀၀ ကျော် ပါဝင်ဆန္ဒပြခဲ့ကြပြီး လှိုင်သာယာ မီးခွက်ဈေးအောက်ထိပ်၊ တပင်ရွေထီးလမ်း ကနေ မြို့နယ်အားကစားကွင်းထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

အစိုးရက အဆိုပြုသတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးလုပ်ခစာ တစ်ရက် ၃၆၀၀ ကျပ်ဆိုတဲ့နှုန်းထားကို မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အပါအဝင် အလုပ်သမားသမဂ္ဂအဖွဲ့ ၅ ဖွဲ့က လက်ခံကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က ထုတ်ပြန်ကြေငြာထားပါတယ်။

နောက်ထပ် အလုပ်သမားသမဂ္ဂအဖွဲ့ ၅ ဖွဲ့ကလည်း ၃၆၀၀ ကျပ်နှုန်းထားအပြင် လမ်းစရိတ်၊ နေထိုင် စရိတ်၊ လုပ်သက်ကြေးတွေကိုပါ ထည့်သွင်းသတ်မှတ်ပေး ဖို့ တောင်းဆိုထားပါတယ်။

အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရေးနဲ့ပတ်သက်ပြီး Gallent Ocean ငါး ပုဇွန် စက်ရုံ အခြေခံအလုပ်သမာအဖွဲ့ ဥက္ကဌ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်လှလှ ကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org