ဗစ်တိုးရီးယား ကုန်တိုက် ဝန်ထမ်းတွေ ဆန္ဒပြ
ရန်ကုန်တိုင်းဒေသကြီး၊ လိူင်သာယာမြို့ နယ်က ဗစ်တိုးရီးယား (Victoria) ကုန် တိုက်မှာ အစိုးရသတ်မှတ်ထားတဲ့ အနည်း ဆုံးလုပ်ခလစာ တစ်ရက် ကျပ် ၃၆ဝဝ နှုန်းနဲ့ လစာမရလို့ဆို ပြီး အလုပ်သမား ၁ဝဝ လောက်က ဒီနေ့ ကုန်တိုက်ရှေ့မှာ ဆန္ဒပြကြပါတယ်။
-
2015-10-07 -
-
-
Your browser doesn’t support HTML5 audio
ရန်ကုန်တိုင်းဒေသကြီး၊ လိူင်သာယာမြို့နယ်က ဗစ်တိုးရီးယား (Victoria) ကုန်တိုက်မှာ အစိုးရသတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာ တစ်ရက် ကျပ် ၃၆ဝဝ နှုန်းနဲ့ လစာမရ လို့ဆိုပြီး အလုပ်သမား ၁ဝဝ လောက်က ဒီနေ့ ကုန်တိုက်ရှေ့မှာ ဆန္ဒပြကြပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရသတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးလုပ်ခ တစ်ရက် ကျပ် ၃၆ဝဝနဲ့ မပေးဘဲ အရင်လစာအတိုင်းပေးတာကြောင့် အခုလို ဆန္ဒပြတာ ဖြစ်တယ်လို့ ဗစ်တိုးရီးယားကုန်တိုက် အလုပ်သမား မကလျာလှိုင်းအိအိက ပြောပါတယ်။
"ဝန်ထမ်းတွေ ဝင်ဝင်ခြင်းကို ၄ သောင်းပဲပေးတယ်၊ လုပ်ရတာလည်း မနက် ၉၊ ည ၉ ဖြစ်တဲ့အချိန်ကိုမှ အလုပ်ချိန်ကအရမ်းကြီးများတယ်၊ ၈ နှစ်ဆိုတာ မနည်းပါဘူး၊ ဒါပေမယ့် သမီးတို့တွက်ဘာမှကောင်းကျိုးဆိုတာမရှိဘူး၊ သူများတွေတိုးရင် သမီးတို့ကိုလည်းတိုးပေးသင့်တယ်၊ ဒါပေမယ့် သမီးတို့ဘာမှမရခဲ့ဘူး၊ အခုအားလုံးနဲ့ တန်းတူရစေချင်တယ်"
အဲဒီကုန်တိုက်မှာ အလုပ်သမားတစ်ဦးဟာ မနက် ၉ နာရီကနေ ည ၉ နာရီအထိ အလုပ်လုပ်ကြရပြီး အနည်းဆုံး လစာ ၄ သောင်းခွဲကနေ ၆ သောင်းခွဲဝန်းကျင် ရရှိကြ တယ်လို့ သိရပါတယ်။ တစ်ရက်လုပ်ခ ကျပ် ၃၆ဝဝ နဲ့ တွက်မယ်ဆိုရင် တစ်လ ကျပ် တစ်သိန်းရှစ်ထောင် ရရှိရမှာဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်က ဗစ်တိုးရီးယား ကုန်တိုက်မှာ အလုပ်သမား ၂ဝဝ ကျော် ရှိပြီး အများစုက ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးက လာရောက်လုပ်ကိုင်ကြ သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိရန်ကုန်တိုင်းအတွင်းက စက်ရုံ ၅ ရုံလောက်မှာ အလုပ်သမားတွေက ဆန္ဒပြနေကြတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် မသီရိမင်းဇင် ရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။