ကမ္ဘာ့ဘဏ်ချေးငွေသုံးစွဲမှုနဲ့ပတ်သက်ပြီး တိုင်းလွှတ်တော်မှာ မေးမြန်း
ရန်ကုန်တိုင်းဒေသကြီးမှာ ရေကြီးရေလျှံမှုတွေ ကာကွယ်ဖို့အတွက် ကမ္ဘာ့ဘဏ်ကနေ ချေးယူထားတဲ့ အမေရိကန်ဒေါ်လာ ၁၂၄ သန်းကို သုံးစွဲဖို့ စီမံထားတဲ့ စီမံချက်တွေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဒီကနေ့ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တေ်ာ အစည်းအဝေးမှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။
-
2017-08-31 -
-
-
ရန်ကုန်တိုင်းဒေသကြီးမှာ ရေကြီးရေလျှံမှုတွေ ကာကွယ်ဖို့အတွက် ကမ္ဘာ့ဘဏ်ကနေ ချေးယူထားတဲ့ အမေရိ ကန်ဒေါ်လာ ၁၂၄ သန်းကို သုံးစွဲဖို့ စီမံထားတဲ့ စီမံချက်တွေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းက ဒီကနေ့ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တေ်ာ အစည်းအဝေးမှာ မေးခွန်းမေးမြန်း ခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်ချေးငွေကို ဘယ်ကဏ္ဍတွေမှာ သုံးစွဲဖို့ စီမံထားလဲ ဆိုတာကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက အခုလိုမေးမြန်းခဲ့တာပါ။
"ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်အားလုံးရဲ့ ရေကြီးရေလျှံမှုဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် ကမ္ဘာ့ဘဏ်ရဲ့ချေးငွေ ၁၂၄ သန်းရရှိမှုအပေါ် မည်သည့်လုပ်ငန်းစီမံတွေဆောင်ရွက်ရန်ရှိပါသလဲ"
ကမ္ဘာ့ဘဏ်ချေးငွေကို ၆ နှစ်စီမံကိန်းနဲ့ အပိုင်းလိုက်ခွဲပြီး သုံးစွဲဖို့စီမံခန့်ခွဲထားကြောင်းနဲ့ ရန်ကုန်မြို့ရေကြီးရေ လျှံမှုကိုကာကွယ်ဖို့ သုံးစွဲငွေ ၇၇ သန်း၊ လူထုကို အသိပညာပေးလုပ်ငန်းတွေ ပြုလုပ်ဖို့အတွက် ၅ သန်း၊ အဆောက်အဦးများ ဘေးကင်းလုံခြုံရေးအတွက် ၂၂ သန်း အသုံးပြုမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားပါတယ်။
ဒါ့အပြင် အခြားကဏ္ဍအတွက် သုံးစွဲမယ်ဆိုတဲ့ ၂၁ သန်းကို အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံရန်ပုံငွေအတွက် သုံးစွဲဖို့လျာထားကြောင်းလည်း ပြောပါတယ်။
အဲဒီ ချေးငွေကနေ ဂျိုးဖြူရေလှောင်တမံ၊ ဗိုလ်တထောင် လေမှုတ်စက်ရုံ၊ မရန်းကုန်း ရေကူးရေထွက်စက်ရုံ၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ သိမ်ကြီးဈေးတို့ကို ပြုပြင်ထိန်းသိမ်းဖို့ လျာထားကြောင်းလည်း သိရပါတယ်။