ငွေကျပ် သန်းပေါင်း ၃၉၀၀ တန်ဖိုးရှိ WY ဆေးပြားတွေ စစ်တွေမှာဖမ်းမိ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကာလတန်ဖိုးငွေကျပ် သန်းပေါင်း ၃၉၀၀ တန်ဖိုးရှိတဲ့ WY စိတ်ကြွ မူးယစ်ဆေးပြား ၁၃ သိန်းကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ငွေကျပ် သန်းပေါင်း ၃၆၀၀ တန်ဖိုးရှိတဲ့ WY စိတ်ကြွ မူးယစ်ဆေးပြားနဲ့အတူ တွေ့ရစဉ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကာလတန်ဖိုးငွေကျပ် သန်းပေါင်း ၃၉၀၀ တန်ဖိုးရှိတဲ့ WY စိတ်ကြွ မူးယစ်ဆေးပြား ၁၃ သိန်းကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်းမှာ မူးယစ်ဆေးဝါးတွေ သယ်လာတဲ့ သုံးဘီးဆိုင်ကယ်တစ်စီးကို စောင့်ဆိုင်းရှာဖွေရာမှာ ဖမ်းဆီးရမိခဲ့တာလို့ ဒေသခံ ရဲအရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

ရွှေဝါဆပ်ပြာခဲတွေနဲ့အတူ မူးယစ်ဆေးတွေထည့်ထားတဲ့ စက္ကူပုံးတွေကို စစ်တွေမြို့ အဝေးပြေးကားဂိတ်ကနေ မင်းဂံရပ်ကွက်မှာ နေထိုင်သူတစ်ဦးက အဲဒီသုံးဘီးဆိုင်ကယ်ကို ငှားရမ်းသယ်ယူစေခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

သုံးဘီးဆိုင်ကယ်ကို ငှားရမ်းခဲ့သူကတော့ ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် ပုဏ္ဏားကျွန်းမြို့နယ် အတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ အဲဒီ ရဲအရာရှိက ပြောပါတယ်။

မနေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး သုံးဘီးဆိုင်ကယ်မောင်းသူနဲ့ ဆိုင်ကယ်ငှားရမ်းခဲ့သူကို မူးယစ်ဥပဒေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org