Y-8 လေယာဉ်ပျက်ကျမှု သေဆုံး သူ ၂၄ ဦးရဲ့ရုပ်အလောင်းကို ထပ်မံတေ့ွရှိ

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ပျက်ကျသွားတဲ့ တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်မှာ ပါဝင်သွား သူတွေကို ရှာဖွေကယ်ဆယ်နေတဲ့ အဖွဲ့တွေက ဒီကနေ့ ရုပ်အလောင်း ၂၄ လောင်း ထပ်မံ ရှာဖွေတွေ့ရှိ ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ပါတယ်။

လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို ဇွန်လ ၁၂ ရက်နေ့က ထပ်မံရှာဖွေတွေ့ရှိစဉ် Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ Facebook

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ပျက်ကျသွားတဲ့ တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်မှာ ပါဝင်သွား သူတွေကို ရှာဖွေကယ်ဆယ်နေတဲ့ အဖွဲ့တွေက ဒီကနေ့ ရုပ်အလောင်း ၂၄ လောင်း ထပ်မံ ရှာဖွေတွေ့ရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံဘုတ်ကျွန်း၊ မောင်းမကန်-မရင်းကြီး ကမ်းခြေတစ်လျှောက် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ မြေပြင်တပ်တွေ နဲ့ ဒေသခံတွေက ဒီနေ့ညနေ ၄ နာရီ ခွဲကျော်အထိ ရှာဖွေတေ့ွရှိထားချက်ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲဒီလေယာဉ်မှာ တပ်မတော်သားတွေ၊ မိသားစုဝင်တွေနဲ့ လေယာဉ်အမှုထမ်းတွေအပါအဝင် စုစုပေါင်း ၁၂၂ ယောက် လိုက်ပါသွားတာဖြစ်ပြီး လက်ရှိအချိန်အထိ ၈၃ ဦးရဲ့ ရုပ်အလောင်း ကို တေ့ွရှိထားတာဖြစ်ပါတယ်။

မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာတဲ့ တပ်မတော် ပို့ဆောင်ရေးလေယာဉ် Y-8 ဟာ ဇွန်လ ၇ ရက်နေ့ နေ့လည်ပိုင်းက ထားဝယ်မြို့အနောက်တောင်ဘက် ၄၃ မိုင်အကွာမှာ အဆက်အသွယ် ပြတ်တောက်သွားပြီးနောက်ပိုင်းမှာ ပျက်ကျကြောင်း အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org