Y-8 လေယာဉ်ပျက်မှုကနေ ရုပ်အလောင်း ၈၆ လောင်း ရှာဖွေတွေ့ရှိထား

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ပျက်ကျခဲ့တဲ့ တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y – 8 မှာ လိုက်ပါသွားသူ ၁၂၂ ဦးထဲက ဒီနေ့အထိ ရုပ်အလောင်း ၈၆လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိထားတယ်လို့ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားတဲ့သူတစ်ဦးရဲ့ ရုပ်အလောင်းကို ဇွန်လ ၁၂ ရက်နေ့က သယ်ဆောင်လာစဉ် ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ပျက်ကျခဲ့တဲ့ တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y – 8 မှာ လိုက်ပါသွားသူ ၁၂၂ ဦးထဲက ဒီနေ့အထိ ရုပ်အလောင်း ၈၆လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

မနေ့ကအထိ ရုပ်အလောင်း ၈၃ လောင်းကို ရှာဖွေတေ့ွရှိထားတာဖြစ်ပြီး ဒီနေ့ မနက်က မောင်းမကန်- မရင်းကြီး ကမ်းခြေတစ်လျှောက်မှာ ရှာဖွေရေးလုပ်နေတဲ့အဖွဲ့တွေက နောက်ထပ် ရုပ်အလောင်း ၃လောင်းကို တေ့ွရှိတာဖြစ် တယ်လို့ သိရပါတယ်။

Y-8 လေယာဉ်ပျက်ကျမှုမှာ ပါဝင်သွားတဲ့ လေယာဉ်အမှုထမ်း၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင် ၁၂၂ ဦးရဲ့ ကျန်ရစ်တဲ့ မိသားစုတွေကို ပေးအပ်ဖို့ မနေ့ကအထိ ရရှိထားတဲ့ အလှူငွေကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော် ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာတဲ့ တပ်မတော် ပို့ဆောင်ရေးလေယာဉ် Y-8 ဟာ ဇွန်လ ၇ ရက်နေ့ နေ့ လည်ပိုင်းက ထားဝယ်မြို့အနောက်တောင်ဘက် ၄၃ မိုင်အကွာမှာ အဆက်အသွယ်ပြတ်တောက်သွားပြီးနောက် ပိုင်း ပျက်ကျကြောင်း အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org