လေယာဉ်ပျက်ကျမှုကြောင့် သေ ဆုံးသူအချို့ရဲ့ ရုပ်အလောင်းတွေ ကို သြင်္ဂိုဟ်

တပ်မတော်ပို့ဆောင်ရေးလေယာဉ် ပျက်ကျ ရာမှာ ပါသွားပြီး သေဆုံးခဲ့တဲ့ ၃၁ ဦးရဲ့ ရုပ် အလောင်းတွေ ထဲက အမည်ခွဲခြားနိုင်ပြီး ပိုင်ရှင်ပေါ်တဲ့ အလောင်း ၁ဝ လောင်းကို ဒီနေ့နေ့လည်က ထားဝယ်မြို့ နယ် ဇဟာကျေးရွာက သံဝေဂလမ်း သင်္ချိုင်းမှာ သြင်္ဂိုဟ်လိုက် တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန် ပါတယ်။

လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်း ၁ဝ လောင်းကို ဇွန်လ ၉ ရက်နေ့က ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ သံဝေဂလမ်းသချိၤုင်းမှာ သြင်္ဂိုဟ် ခဲ့ပါတယ် ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်

တပ်မတော်ပို့ဆောင်ရေးလေယာဉ် ပျက်ကျရာမှာ ပါသွားပြီး သေဆုံးခဲ့တဲ့ ၃၁ ဦးရဲ့ ရုပ်အလောင်းတွေ ထဲက အမည် ခွဲခြားနိုင်ပြီး ပိုင်ရှင်ပေါ်တဲ့အလောင်း ၁ဝ လောင်းကို ဒီနေ့နေ့လည်က ထားဝယ်မြို့နယ် ဇဟာကျေးရွာက သံဝေဂ လမ်း သင်္ချိုင်းမှာ သြင်္ဂိုဟ်လိုက်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံးက ထုတ်ပြန်ပါတယ်။

တွေ့ရှိထားတဲ့ အလောင်းတွေမှာ ကျန်ရှိနေတဲ့ အဝတ်အစားတွေ၊ လက်ဝတ်လက်စားတွေကိုကြည့်ပြီး ဘယ်သူဆို တာကိုခွဲခြား ခဲ့တာဖြစ်တယ်လို့ မြိတ်လေတပ်စခန်းဌာနချုပ်က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

"ကျနော်တို့ ဒီဆေးရုံမှာ လောလောဆယ်အထိတော့ ၂၉ လောင်းပဲရှိပါသေးတယ်၊ သူတို့ ပါသွားတဲ့ ဝတ်သွားတဲ့ အင်္ကျီတွေ၊ ပစ္စည်းတွေ၊ အင်္ကျီပါတဲ့အဖွဲ့ကျတော့ အင်္ကျီကြည့်ပြီးပြန်ခွဲတာပေါ့၊ လက်မှာ ကြိုးလေးတွေ စည်းထားတာတို့၊ ဆွဲကြိုးတို့ နားကပ်တို့ အဲဒါမျိုးတွေနဲ့ပဲ ပြန်ခွဲတာပေါ့။"

လက်ရှိအချိန်အထိ ဇွန်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တပ်မတော် ပို့ဆောင်ရေးလေယာဉ် ပျက်ကျမှုမှာ ပါဝင် တဲ့ သေဆုံးသူ ၃၁ ဦးရဲ့ ရုပ်အလောင်းတွေကို ရရှိထားပြီဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ ၃၁ ဦးမှာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ဝ နဲ့ ကလေး ၉ ဦး ပါဝင်နေပြီး လေယာဉ်ပေါ်မှာ စုစုပေါင်း ၁၂၂ ဦး လိုက်ပါသွားတာလည်း ဖြစ်ပါတယ်။

ပျက်ကျလေယာဉ်ကို တပ်မတော်(ရေ) စစ်ရေယာဉ်တွေအသုံးပြုပြီး ရှာဖွေတာ၊ ရေငုပ်ရှာဖွေတာ၊ တပ်မတော် (လေ)မှ ကင်းထောက် လေယာဉ်တွေနဲ့ ရှာဖွေတာနဲ့ ဒေသခံ ငါးဖမ်းစက်လှေတွေနဲ့ ပိုက်ဆွဲ ရှာဖွေတာတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေတဲ့ ကျောက်နီမော်ကျေးရွာအနီးက ပင်လယ်ပြင်မှာလည်း ဒီကနေ့ ရာသီ ဥတု ဆိုးရွားနေပြီး လှိုင်းကြီးနေတယ်လို့ သိရပါတယ်။

အဲဒီလေယာဉ်ဟာ မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ဇွန်လ ၇ ရက်နေ့ နေ့လည် ၁ နာရီ ၆ မိနစ်က စတင်ထွက်ခွာလာခဲ့ တာ ဖြစ်ပြီး နေ့လည် ၁ နာရီ ၃၅ မိနစ်မှာ အဆက်အသွယ်ပြတ်တောက်သွားပြီး ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org