မြန်မာနိုင်ငံ လူ့အခွင့်အရေး အကြောင်း အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ထုတ်ပြန်
မြန်မာနိုင်ငံမှာလူ့အခွင့်အရေးတွေကို အကာအကွယ်ပေးမယ်ဆိုတဲ့ အစိုးရရဲ့ ကတိကဝတ်တွေ နောက်ကြောင်း ပြန်လှည့်သွားတဲ့အတွက် အကြောက်တရား၊ မယုံကြည်မှု နဲ့ရန်လိုစိတ်တွေ ပြန့်ပွား လာနေပြီး၊ တိုင်းပြည်ဟာ ပဋိပက္ခတွေဆီကို လျောဆင်း သွားနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက မနေ့က ကြေ ညာချက်ထုတ်ပြန်ပြောဆိုပါတယ်။
-
2015-03-10 -
-
-
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေး မယ်ဆိုတဲ့ အစိုးရရဲ့ ကတိက ဝတ်တွေ နောက်ကြောင်း ပြန်လှည့်သွားတဲ့အတွက် အကြောက်တရား၊ မယုံကြည်မှု နဲ့ရန်လိုစိတ်တွေ ပြန့်ပွား လာနေပြီး၊ တိုင်းပြည်ဟာ ပဋိပက္ခတွေဆီကို လျောဆင်း သွားနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့် အရေးအထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီက မနေ့ က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။
မျိုးဆက်သစ်တွေ အတူစုစည်းပြီး တည်ငြိမ် သာယာ ဝပြောတဲ့ နိုင်ငံထူထောင် ဖန်တီးနိုင်အောင် အစိုးရအနေနဲ့ လူငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် စွမ်းရည်ပြည့် လူ့ဘောင်ပေါ်ပေါက်လာရေး အထူးအာရုံစိုက်သင့် ပါတယ်၊ အစွန်းရောက် အမျိုးသားရေးဝါဒ၊ ဘာသာရေး အမုန်းတရား နဲ့ပဋိပက္ခတွေဆီ ဦးတည်နေတဲ့ လက်ရှိ အနေအထားကို ပြောင်းပြန်လှန်ပစ်သင့်ပါတယ်လို့ အဲဒီကြေညာချက်မှာ ဖေါ်ပြပါတယ်။
ဒါ့ပြင် တရုတ်နယ်စပ် ကိုးကန့်ဒေသမှာ စစ်ပွဲတွေပြင်းထန်လာနေပြီး၊ အရေးပေါ် အခြေအနေ ကြေညာထားရတဲ့ အချိန် မှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို စောင့်ကြည့်ပြီး၊ တင်းတင်းကြပ်ကြပ် တားဆီးကာကွယ် သွားရမယ်လို့လည်း ဆိုပါတယ်။
အစိုးရစစ်တပ်က ကလေးစစ်သားတွေ ဆက်လက်စုဆောင်းနေတဲ့သတင်းတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ပိုမိုများပြား လာဖွယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေ ရှိနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ပံတောင်း ကြေးနီစီမံကိန်းဒေသမှာ ဆန္ဒပြလယ်သမားတွေကို အဓမ္မ ဖယ်ရှားခဲ့ရာမှာ ရဲတပ်ဖွဲ့က တကယ့် ကျည်ဆန်အစစ်နဲ့ပစ်ခတ်ခဲ့ပြီး၊ သတင်းမီဒီယာကိုလည်း တားဆီးကန့်သတ်ခဲ့တယ်လို့ ကြေညာချက်မှာဖေါ်ပြပါတယ်။
ဒီအတွင်း ဝါရှင်တန်အခြေစိုက် Freedom House အဖွဲ့ကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပညာရေး ဥပဒေပြင် ဆင်ရေး ကျောင်းသားဆန္ဒပြပွဲတွေကို အစိုးရ က စွမ်းအားရှင်ခေါ် အရပ်သားတွေကို သုံးစွဲပြီး ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း နှစ်ကြိမ် ဖြိုခွဲခဲ့ကြောင်း၊ မြန်မာအာဏာပိုင်တွေအနေနဲ့ လွတ်လပ်စွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ နိုင်ငံ တကာ စံချိန်စံညွှန်းတွေကိုလေးစားလိုက်နာပြီး၊ နိုင်ငံသားတွေရဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ခွင့်ကို အကာအကွယ်ပေးဖို့ တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။