လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် လားရှိုးဒေသခံ အဖွဲ့တွေနဲ့ တွေ့ဆုံ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မှာ ဒေသခံ လူမှုအဖွဲ့အစည်းတွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဇွန်လ ၂၅ ရက်နေ့က ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ဆုံစဉ် Photo: Kan Thar/RFA

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ဟာ ရှမ်းပြည်နယ်မြောက် ပိုင်း လားရှိုးမြို့ မှာ ဒေသခံ လူမှုအဖွဲ့အစည်းတွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေနဲ့ တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေး ရရှိရေးအတွက် အစိုးရကို တိုက်တွန်းပေးဖို့ တင်ပြခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ် ကွန်ရက်အဖွဲ့က မနန်းစံလှက ပြောပါတယ်။

"ရှမ်းပြည်ထဲမှာဖြစ်နေတဲ့ တိုက်ပွဲကာလအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကိုပဲ တင်ပြခဲ့ ပါတယ်၊ ပြီးရင် တိုင်းရင်းသားအားလုံးရဲ့ စာပေအခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ရောပေါ့၊ ကျမတို့ လည်း တိုင်းရင်းသားအားလုံးသာမက ပြည်သူအားလုံးရဲ့ တန်းတူအခွင့်အရေးပေါ့နော် တရားမျှတမှု အတွက်ပဲလို့ အစိုးရကို တွန်းအားပေးပေးပါလို့ ကျမတို့ ပြန်ပြောခဲ့ပါတယ်ရှင့်"

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေဟာ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့၊ တအာင်း အမျိုးသမီးအဖွဲ့ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်အဖွဲ့၊ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့၊ တအာင်းအမျိုးသမီးအဖွဲ့၊ ရှမ်းပြည်နယ် တောင်သူလယ်သမားကွန်ရက်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

တခြား ဒေသခံ လူမှုအဖွဲ့အစည်းတွေကလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံရာမှာ စစ်ဘေး ဒုက္ခသည်တွေအရေးနဲ့ တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ကုလအထူးကိုယ်စားလှယ်ဟာ လားရှိုးမြို့ မန်ဆူကျောင်းတိုက် ဆရာတော်နဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org