ရန်ကုန်ဆန္ဒပြပွဲ ဦးဆောင်သူ ၅ ဦးကို ဥပဒေအရ အရေးယူမည်

ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးဖို့ ဆန္ဒပြတောင်းဆိုသူတွေအရေး ရန်ကုန်မြို့မှာ ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူတွေထဲက လူငယ် ၅ဦးကို ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော် တယ်ဆိုပြီး တရားစွဲဆိုသွားမယ်လို့ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောလိုက်ပါတယ်။

လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်ဆန္ဒပြသူတွေကို ရဲက ရာဘာကျည်သုံးပြီး ဖြိုခွဲခဲ့တဲ့အတွက် ရန်ကုန်မြို့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ၂၀၁၉ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ် Photo: Kyaw Zaw Win/RFA

ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးဖို့ ဆန္ဒပြတောင်းဆိုသူတွေအရေး ရန်ကုန်မြို့မှာ ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူတွေထဲက လူငယ် ၅ဦးကို ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်တယ်ဆိုပြီး တရားစွဲဆို သွားမယ်လို့ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောလိုက်ပါတယ်။

ဒီနေ့ ညနေပိုင်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ် ၃၀ ကျော်စုပေါင်းပြီး ရန်ကုန်မြို့ လမ်း ၄၀ ကနေ မဟာန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင်ရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လူငယ်တွေကတော့ အမှုကို ရင်ဆိုင်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာ ရှိတဲ့ဗိုလ်ချုပ်ကြေးရုပ်ကို ဖယ်ရှားပေးဖို့ ဆန္ဒပြတောင်းဆို ခဲ့ကြတဲ့ ကရင်နီလူငယ်တွေကို ရဲတပ်ဖွဲ့က ဒီနေ့မနက်မှာ ရာဘာကျည်နဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခနဲ့ ကိုကျော်ဇောဝင်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org