ရန်ကုန်ဆေးရုံကြီး ပြုပြင်မွမ်းမံရေး ကျပ်သန်း ငါးထောင် ချပေး

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မဆောင် ပြုပြင်မွမ်းမံနိုင်ဖို့အတွက် ငါးထပ် လူနာအဆောင်သစ်ကို ဆောက် လုပ်နေပြီး အစိုးရက ဆေးရုံအဆောင်သစ်အတွက် ကျပ်ငွေသန်းပေါင်း ငါးထောင် ချထားပေးတယ်လို့ သိရပါတယ်။

ဧပြီလ ၂၅ ရက်နေ့ ရန်ကုန်ဆေးရုံကြီး ပြုပြင်မွမ်းမံရေးကော် မတီ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် photo: NLD Facebook

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မဆောင် ပြုပြင်မွမ်းမံ နိုင်ဖို့အတွက် ငါးထပ် လူနာအဆောင်သစ်ကို ဆောက် လုပ်နေပြီး အစိုးရက ဆေးရုံအဆောင်သစ်အတွက် ကျပ်ငွေသန်းပေါင်း ငါးထောင် ချထားပေးတယ်လို့ သိရပါတယ်။

ဒီနေ့  ဆေးရုံကြီး ပြုပြင်မွမ်းမံရေးကော်မတီ အစည်းအဝေးကို ဆေးရုံကြီး ပြင်ဆင်မွမ်းမံရေးနဲ့ အဆင့်မြှင့်တင်ရေး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲအကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံရေးနဲ့ အဆင့်မြှင့်တင်ရေး ကော်မတီဝင် ရန်ကုန်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာလှမြင့်က အခုလို ပြောပါတယ်။

"ဒီအဆောက်အဦးကြီးက လွန်ခဲ့တဲ့ နှစ်တစ်ရာကျော် က ဗြိတိန်ကိုလိုနီတုန်းက ဆောက်ထားတဲ့ အဆောက်အဦးပါ၊ အရေးပေါ်ဌာနကိုလည်း တိုးချဲ့မယ်၊ လူနာတွေတော်တော်များများ အရေးပေါ်လွှဲတာ ဒီအရေးပေါ်ဌာနကို အဓိကလာတာဖြစ်တဲ့အတွက် နိုင်ငံတကာအဆင့်မီ အရေးပေါ်ဌာနဖြစ်အောင်လုပ်ဖို့ ဒီနေ့ဆုံးဖြတ်ကြပါတယ်"

ဆေးရုံ ငါးထပ်အဆောင်သစ်ဟာ လာမယ့် အောက်တိုဘာလထဲလောက် ပြီးစီးနိုင်တယ်လို့သိရပြီး အဆောင်သစ်ပြီးတာနဲ့ လူနာတွေကို ရွှေ့ပြောင်းပြီး ပင်မအဆောင်ကို ပြန်လည်မွမ်းမံမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃- ၂၀၁၄ ဘတ်ဂျက်ထဲကနေ ပြည်သူ့ဆေးရုံမှာ သုံးစွဲမယ့်စက်ပစ္စည်းတွေ အဆင့်မြှင့်တင်ရေးအတွက် အစိုးရက ကျပ်ငွေသန်းပေါင်း တစ်သောင်းလေးထောင်ငါးရာ ချထားပေးတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ပြည်သူ့လွှတ်တော်မှာ အစိုးရအနေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံဖို့နဲ့ အဆင့်မြှင့်တင်ရေးအတွက် ကော်မတီဖွဲ့စည်းပေးဖို့ တိုက်တွန်းတဲ့အဆို တင်သွင်းခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရေအခက်အခဲဖြစ်နေတဲ့အတွက် မြောက်ဦးမြို့နယ် က ရေကန် ၄ ကန် ပြန်လည်တူးဖေါ်နိုင်ဖို့အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေ ငွေကျပ် ၁၉၃ သိန်းကျော် လှူဒါန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org