ရန်ကုန်မြို့သစ် စီမံကိန်း ဖော်ဆောင်ပေးရေး ရွာသားတွေ ဆန္ဒပြတောင်းဆို

ရန်ကုန်မြို့သစ်စီမံကိန်းကို အမြန်ဆုံးပြန် လည်အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့အတွက် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းမှာ ရှိတဲ့ ကျေးရွာပေါင်း ၁၁ ရွာက ဒေသခံတစ်ထောင်နီးပါး ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့ကို တစ်ဖက်ကမ်းကနေ မြင်တွေ့ရစဉ်

ရန်ကုန်မြို့သစ်စီမံကိန်းကို အမြန်ဆုံးပြန်လည်အကောင် အထည်ဖော် ဆောင်ရွက်ပေးဖို့အတွက် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းမှာရှိတဲ့ ကျေး ရွာပေါင်း ၁၁ ရွာက ဒေသခံတစ်ထောင်နီးပါး ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် မယ်ဆိုရင် ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းမှာ ရှိတဲ့ ဒေသခံတွေအနေနဲ့ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာမှာဖြစ် တယ်လို့ ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ ဦးတင်စိုး က ပြောပါတယ်။

"ရေတစ်တန် ကုန်းတစ်တန် ကျနော်တို့လာရတယ်၊ အလုပ်ဆင်းလို့ရှိရင် အနိမ့်ဆုံးလမ်းစရိတ် တစ်ထောင်ရှိမှ ကျနော်တို့က အလုပ်ဆင်းလို့ရတယ်၊ ဒီဖက်ကမ်းကို ငါးထောင်ထဲက တစ်ထောင်နုတ်ရင် လေးထောင် အိမ်ကိုပါမယ်၊ ဟိုဖက်ကမ်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေပေါလာလို့ရှိရင် ငါးထောင်စလုံး အကျိုးခံစားရမယ်၊ ကျနော်တို့ ဒီဖက်ကမ်းမှာ ကျောင်းလာ တက်ရတယ်၊ ကျောင်းစရိတ်၊ စားစရိတ်နဲ့ ကူးတို့ခတွေ ရှိတယ်လေ"

ဒီနေ့ ဆန္ဒပြပွဲမှာ ဆိတ်ကြီး၊ ဦးမြ၊ ငါးစင်၊ စက်ဆန်း၊ ဧရွာ၊ ဘလွတ်ညွန့်နဲ့ ဝါးရုံဆိပ်စတဲ့ ကျေးရွာ ၁၁ ရွာက ဒေသခံတွေပါဝင်ခဲ့ကြပြီး “ရန်ကုန်မြို့သစ်စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ပေးပါ” ဆိုတဲ့ ဆိုင်းဘုတ် တွေကိုင်ဆောင်ပြီး ဆိတ်ကြီးရွာကနေ ဝါးရုံဆိပ်ကျေးရွာအထိ လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။

မြို့သစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့အတွက် နိုင်ငံတော်သမ္မတနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့ထံ လာမယ့်ရက်ပိုင်းအတွင်း စာရေးသားတင်ပြသွားမယ်လို့လည်း ပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ တွံတေးနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်တွေက မြေဧက သုံးသောင်းကျော်မှာ အကောင်ထည်ဖော်မှဖြစ်ကြောင်းနဲ့ မြို့သစ်စေတနာ အများပိုင်ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးအပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြီးခဲ့တဲ့သြဂုတ်လမှာ ကျင်းပခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်အစည်းဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် စက်တင်ဘာ ၂၆ ရက်နေ့မှာကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာတော့ ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က စီမံကိန်းကိုထပ်မံလေ့လာဖို့ လိုအပ်တဲ့အတွက် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာပြောဆိုခဲ့ပါတယ်။

အဲဒီလိုရပ်ဆိုင်းကြောင်း ပြောကြားခဲ့ပြီးနောက်ပိုင်း မူလစီမံကိန်းဒေသအတွင်း မြေကွက်အရောင်းအဝယ်တွေ သိသိသာသာလျှော့နည်းကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org