ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်မှာ ဆန္ဒထုတ်ဖော်ခွင့်မပြုဖို့ ညွှန်ကြား

ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် မပြုဖို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက သက်ဆိုင်ရာ ရဲစခန်းတွေကို ညွန်ကြားစာပေးပို့ထားပါတယ်။

ရန်ကုန်မြို့ကို တွေ့ရစဉ်

ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် မပြုဖို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက သက်ဆိုင်ရာ ရဲစခန်းတွေကို ညွန်ကြားစာပေးပို့ထားပါတယ်။

ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တစ်ထောင်၊ ဗဟန်း၊ စမ်းချောင်း၊ ဒဂုံ၊ အလုံ၊ မင်္ဂလာတောင်ညွှန့်နဲ့ ပုဇွန်တောင်မြို့နယ်တွေမှာ ဆန္ဒထုတ်ဖော်ခွင့် မပြုဖို့ ညွှန်ကြားတာဖြစ်ပါတယ်။

အဲဒီ မြို့နယ်တွေဟာ ရန်ကုန်မြို့ရဲ့ အဓိကအရေးပါတဲ့နေရာတွေဖြစ်ပြီး အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်၊ လမ်းကြောင်းတွေ ပါဝင်တဲ့ မြို့နယ်တွေဖြစ်တာကြောင့် ခွင့်မပြုနိုင်တာဖြစ်တယ်လို့ ညွန်ကြားချက်မှာပါရှိပါတယ်။

အဲဒီ ၁၁ မြို့နယ်အတွင်း ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လှည့်ခြင်းတွေ လုပ်ဖို့တင်ပြလာပါက တာမွေမြို့နယ် မှာရှိတဲ့ ဟစ်တိုင်ကွင်းကို ပြောင်းလဲလျှောက်ထားနိုင်ရေး ဆောင်ရွက်ဖို့ ညွန်ကြားထားပါတယ်။

ညွန်ကြားချက်နဲ့ပတ်သက်ပြီး ရဲစခန်းတွေကို ဆက်သွယ်မေးမြန်းရာမှာ တယ်လီဖုန်းနဲ့ မဖြေကြားနိုင်ဘူးလို့ ပြန်လည်ပြောကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org