ရေမဆေးကျောက်ရှာဖွေသူတွေကို ပိတ်ပင်မည်
ကချင်ပြည်နယ် ဖါးကန့် ကျောက်စိမ်းလုပ် ကွက်တွေမှာ ကုမ္ပဏီဝန်ထမ်းတွေကလွဲ ပြီး ရေမဆေးကျောက်ရှာတဲ့ ရွှေ့ပြောင်း လုပ်သားတွေ ဝင်ရောက်မှုမရှိအောင် တားဆီးပိတ်ပင်သွား မယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်း က ပြောပါတယ်။
-
2016-08-15 -
-
-
ကချင်ပြည်နယ် ဖါးကန့် ကျောက်စိမ်းလုပ်ကွက်တွေမှာ ကုမ္ပဏီဝန်ထမ်းတွေကလွဲပြီး ရေမဆေးကျောက်ရှာ တဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဝင်ရောက်မှုမရှိအောင် တားဆီးပိတ်ပင်သွားမယ်လို့ သယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း က ပြောပါတယ်။
ဒီနေ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ဦးကျော်နီနိုင်က ဥပဒေမဲ့အုပ်စုဖွဲ့ ကျုးကျော်ဝင်ရောက် ရှာဖွေနေကြ တဲ့ ရေမဆေးကျောက်ရှာဖွေသူတွေကို ဘယ်လိုစီစဉ်ဆောင်ရွက်ပေးမလဲဆိုပြီး မေးမြန်းရာမှာ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း က ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျောက်စိမ်းလုပ်ကွက်များအတွင်း အုပ်စုဖွဲ့ပြီး တရားမဝင် ကျောက်စိမ်းရှာဖွေသူများကို ဖမ်းဆီးရမိတဲ့ အတွက်ပညာပေးပြီးတော့ သတိပေးခံဝန်ချက်များရေးထိုးပြီး ၎င်းတို့နေရာများကို ပြန်လည်စေလွှတ်ခဲ့ပါ တယ်၊ နေရပ် အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့သော်လည်း ဒေသအတွင်းသို့ ပြန်လည်ဝင်ရောက်ခြင်းကို စနစ်တကျတား ဆီးနိုင်ခြင်း မရှိတဲ့အတွက် ရေမဆေးအင်အားလျော့ပါးခြင်းမရှိတာကို ကျနော်တို့တွေ့ရှိရပါ တယ်၊ ဒါ့ကြောင့် ရတနာနယ်မြေအတွင်း ဝင်ရောက်လာတဲ့ လမ်းကြောင်းများမှာ ပျံကျရွှေ့ပြောင်းလုပ်သား များ ဝင်ရောက်မှု မရှိစေရန် ကျနော်တို့ တားဆီးပိတ်ပင်သွားမှာဖြစ်ပါတယ်"
ကျောက်မျက်တူးဖော်ရေးလုပ်ငန်း ရပ်နားထားတဲ့ မိုးရာသီကာလမှာ စုပုံထားတဲ့ မြေစာတွေထဲ ကျောက်ရိုင်းတွေကို အလွယ်တကူရှာဖွေနိုင်တာ၊ ကျောက်ကြောအထိ တူးဖော်ထားတဲ့ လုပ်ကွက်တွေမှာ တာဝန်ရှိသူတွေ ကို ငွေကြေးပေးပြီး ကျောက်စိမ်းအလွယ်တကူ တူးဖော်နိုင်တာတွေကြောင့် ရေမဆေးရှာဖွေသူတွေ တိုးလာတာဖြစ် တယ်လို့ ဝန်ကြီး ဦးအုန်းဝင်း က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီကနေ ဒီနှစ် ဇွန်လအထိ လုပ်ကွက်တွေအတွင်း ရေမဆေးရှာဖွေသူတွေ ကျုးကျော်ဝင်ရောက်မှု အကြိမ် ၄၀၊ ကျုးကျော်တဲဆောက်ဖို့ မြေနေရာဦးတာ ၁၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ၂၀၁၃ ခုနှစ်ကစပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလအထိ လုပ်ကွက်တွေအတွင်း ဝင်ရောက်လာ တဲ့ ရေမဆေးကျောက်ရှာဖွေသူ ၄ထောင်ကျော်ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာပုံပြိုကျမှုတွေကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ မကြာ ခဏသေဆုံးခဲ့ပါတယ်။