ရေပူနယ်စပ်ဂိတ်မှာ လက်လုပ် မိုင်းပေါက်ကွဲ

ရှမ်းပြည်နယ်၊ လားရှိုး-သိန္နီလမ်းပိုင်းပေါ်မှာ ရှိတဲ့ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း တွင်းမှာ မနေ့ညက လက်လုပ် မိုင်းတစ် လုံးပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးတဲ့ ချိန်ကိုက်မိုင်းတစ်လုံး ကို ဒီနေ့မနက်မှာ တွေ့ရှိခဲ့ပါတယ်။

မပေါက်ကွဲသေးတဲ့ ချိန်ကိုက်မိုင်းတစ်လုံးကို ဇွန်လ ၄ ရက်နေ့က ရှမ်းပြည်နယ် လားရှိုး - သိန္နီလမ်းပိုင်းပေါ်မှာရှိတဲ့ သိန္နီရေပူအမြဲတမ်းစစ်ဆေးရေး စခန်းမှာ တွေ့ရစဉ် Photo: ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်

ရှမ်းပြည်နယ်၊ လားရှိုး-သိန္နီလမ်းပိုင်းပေါ်မှာရှိတဲ့ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင်းမှာ မနေ့ညက လက်လုပ် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးတဲ့ ချိန်ကိုက်မိုင်းတစ်လုံးကို ဒီနေ့မနက်မှာ တွေ့ရှိခဲ့ပါတယ်။

လက်လုပ်မိုင်း ပေါက်ကွဲမှုနဲ့ ချိန်ကိုက်မိုင်းထောင်တာတွေဟာ ရေပူစခန်းမှာ တရားမဝင် သစ်တွေ၊ ကုန်ပစ္စည်းတွေဖမ်းဆီးမိတာတွေနဲ့ ဆက်စပ်မှုရှိနိုင်တယ် လို့ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ် တာဝန်ခံ အကောက်ခွန်ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်ကပြောပါတယ်။

"ဘာကြောင့်ဖြစ်လဲဆိုတော့ ဒီရက်ပိုင်းမှာ သစ်ဖမ်းဆီးမှုတွေ ယာဉ်လိုင်းကပစ္စည်းတော်တော်များများ တယ်လီဖုန်း၊ ဟန်းဖုန်းတွေ ဖမ်းမိမှုတွေများတယ်၊ များတယ်ဆိုတော့ သူတို့လည်းမကျေနပ်ဘူးဆိုတဲ့ သတင်းတွေရှိတယ်၊ စခန်းကိုလုပ်ကြံမယ်၊ ဒီမှာတာဝန်ရှိတဲ့သူကို လုပ်ကြံမယ် ဆိုတဲ့သတင်းတွေ လည်းရှိတယ်၊ အဲ့အတိုင်းပဲ သူတို့လာခွဲသွားတယ်ဆိုတော့ တရားမဝင်မှောင်ခိုလုပ်သူတွေက ဖမ်းတာနဲ့ ပတ်သက်ပြီးတော့ မကျေနပ်လို့ ခွဲတယ်လို့ပဲ ယူဆပါတယ်"

မနေ့ညက ၉ နာရီကျော်ဝန်းကျင်မှာ မိုင်းပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာ ပျက်စီးဆုံးရှုံး တာတွေ မရှိခဲ့ပါဘူး။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှာ ပြီးခဲ့တဲ့ လက တရားမဝင် သစ်နဲ့ လျှပ်စစ်ပစ္စည်း၊ အိမ်သုံးပစ္စည်းတွေကို အများဆုံးဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း တန်ဖိုးကျပ် သိန်းခြောက်သောင်းဖိုးထိ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ စတိုးဆိုင်တစ်ဆိုင်မှာ မနေ့ည ၇ နာရီခွဲ က စက္ကူဖာတစ်လုံးထဲမှာ လက်ပစ်ဗုံး ထည့်ထားတဲ့ ပါဆယ်ရောက်ရှိခဲ့ပါတယ်။

ပေါက်ကွဲမှု မဖြစ်တဲ့ အတွက် လူထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။

စတိုးဆိုင်ကို ဆိုင်ကယ်နဲ့ ပါဆယ်လာပို့သူကိုတော့ စုံစမ်းနေတယ်လို့ ကျောက်မဲမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး ဟန်ဝင်းလှိုင် ကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org