ရေစကြိုက စစ်ကောင်စီတပ်စခန်းတစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူ

ရေစကြိုမြို့နယ် မအူနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ သိမ်းယူနိုင်ခဲ့တယ်လို့ ရေစကြိုမြို့နယ် (ပကဖ) သတင်းတာဝန်ခံ ကိုထန်ပြောင် က RFA ကို ပြောပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ် မအူနယ်မြေရဲစခန်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။ Yesagyo Township Info Committee

မကွေးတိုင်း ရေစကြိုမြို့နယ် မအူနယ်မြေရဲစခန်းကို ဩဂုတ်လ ၂၄ ရက်နေ့က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ သိမ်းယူနိုင်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။

မအူရဲစခန်းကို သိမ်းယူခဲ့တယ်လို့ ရေစကြိုမြို့နယ် (ပကဖ) သတင်းတာဝန်ခံ ကိုထန်ပြောင် က RFA ကို ပြောပါတယ်။

"ပြီးခဲ့တဲ့လ ၂၅ ရက်လောက်ကတည်းက ပိတ်ဆိုတိုက်ခိုက်ခဲ့သေးတယ်ပေါ့နော်၊ အဲမှာအကြောင်းကြောင်း နောက်ဆုတ်ပြီး ပိတ်ဆို့ထားခဲ့တယ်၊ ဒီနေ့ မနက်နှစ်နာရီလောက်မှာ စတင်ပြီးတော့ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တယ်၊ လက်ရှိမှာတော့ ရေစကြိုမှာတော့ စခန်းနှစ်ခုရှိပြီနော်"

မအူနယ်မြေရဲစခန်းမှာ ရဲနဲ့ စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်ရှိပြီး စခန်းသိမ်းယူချိန်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်ဖြူရှင်တံတားဘက်ကို ထွက်ပြေးသွားတယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်မှာ အထိအခိုက်မရှိသလို စခန်းမှာရှိတဲ့ လက်နက်ခဲယမ်းတွေကို သိမ်းယူပြီး စခန်းကို ဖျက်စီးခဲ့တယ်လို့တယ်လို့လည်း ရေးသားထားပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမှာ ရေစကြို (ပကဖ)၊ ပခုက္ကူခရိုင်အမှတ်(၉)တပ်ရင်း၊ Salingyi Special Task Force (SSTF)၊ မြိုင်(ပ.က.ဖ)၊ နွေဦးစစ်သည် ရေလယ်ကျွန်းဒေသစစ်ကြောင်း ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီစခန်းသိမ်းတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

သြဂုတ်လ ၂၁ ရက်နေ့ကလည်း ရေစကြိုမြို့နယ် ဟင်းသာရွာရှိ ပျူစောထီးစခန်းကို ရေစကြိုမြို့နယ် (ပ.က.ဖ)နဲ့ မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org