ရေစကြိုမှာ Mytel တာဝါတိုင်တစ်ခု ထပ်မံဖျက်ဆီးခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူတောင်ရွာအနားက စစ်ကောင်စီပိုင် မိုင်တယ် (Mytel) တာဝါတိုင်တစ်ခု စက်တင်ဘာလ ၂၆ ရက် မနေ့ည ၈ နာရီဝန်းကျင်မှာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူတောင်ရွာအနားက Mytel တာဝါတိုင် ၂၀၂၁ စက်တင်ဘာလ ၂၆ ရက်နေ့က မီးလောင်နေတာကို တွေ့ရစဉ် Photo: CJ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူတောင်ရွာအနားက စစ်ကောင်စီပိုင် မိုင်တယ် (Mytel) တာဝါတိုင်တစ်ခု စက်တင်ဘာလ ၂၆ ရက် မနေ့ည ၈ နာရီဝန်းကျင်မှာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အသံကြားလိုက်ရပြီးနောက်မှာ အဲဒီ Mytel တာဝါတိုင်မှာ မီးလောင်နေတာကို မြင်ရတယ်၊ တိုင်တော့ မလဲပေမယ့် အောက်ကစက်ခန်းမှာ မီးလောင်နေတာမြင်ခဲ့ရတယ်” လို့ ကိုယ်တိုင်တွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီဖောက်ခွဲမှုကို ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က လုပ်ဆောင်ခဲ့တာလို့ YPDF တာဝန်ခံတစ်ဦး က အတည်ပြုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းကလည်း ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာနားက Mytel တာဝါတိုင်ကို YPDF အဖွဲ့ကပဲ ဖောက်ခွဲဖျက်ဆီးခဲ့ပြီး လက်ရှိ ရေစကြိုမြို့နယ်ထဲမှာ တာဝါတိုင်ပေါင်း ၂၀ ခန့် ဖျက်ဆီးခံခဲ့ရပြီး ဖြစ်ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံကာကွယ်ရေး အဖွဲ့တွေ တိုက်ခိုက် ဖျက်ဆီးခဲ့တဲ့ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၁၀၀ ကျော်လာပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org