သြင်္ကန်တွင်းမှာ YBS ကားတွေကို တိုင်ကြားသူ မရှိသေး

ဒီနေ့ သြင်္ကန်အကျနေ့အထိ သြင်္ကန်တွင်း မှာ YBS ဘတ်စ်ကားတွေ ကားခပိုကောက် ခံတာ၊ ကားမထွက်တာ စတဲ့ကိစ္စနဲ့ပတ် သက်ပြီး တိုင်ကြားလာတာတွေ မရှိသေးဘူးလို့ ရန်ကုန် တိုင်းဒေသကြီး၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ပြောပါတယ်။

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတစ်ဦးကို တွေ့ရစဉ်

ဒီနေ့ သြင်္ကန်အကျနေ့အထိ သြင်္ကန်တွင်းမှာ YBS ဘတ်စ်ကားတွေ ကားခပိုကောက်ခံတာ၊ ကားမထွက်တာ စတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားလာတာတွေ မရှိသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး၊ အများပြည်သူသယ်ယူ ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။

သြင်္ကန်တွင်းမှာ ယာဉ်လိုင်းအားလုံးကို ပုံမှန်ထွက်နေကျရဲ့ ၂၀ % ထွက်ကြဖို့ ပြောထားသလို ငွေပိုမကောက်ကြ ဖို့လည်း ညွှန်ကြားထားကာ လက်ရှိအချိန်ထိတော့ တိုင်ကြားလာမျိုးတွေ မရှိသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး၊ အများပြည်သူသယ်ယူ ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ဒေါက်တာမောင်အောင် က ပြောပါတယ်။

"လိုင်းတိုင်းတော့ထွက်တယ်၊ လိုင်းတိုင်းကိုအနည်းဆုံး ၂၀ % ပေါ့လေ၊ ၁ ထောင်ဝန်းကျင်လောက်တော့ ထွက်တယ် အခုလောလောဆယ်တော့လေ သူက ၂၀ %လောက် အနည်းဆုံးထွက်ရမယ်လို့ ပြောထား တယ်၊ ပိုမကောက်ဖို့တော့ပြောထားတယ်၊ ပိုကောက်တဲ့ဟာကို အခုဆရာတို့ဆီတော့ တိုင်တာမရှိဘူး၊ တိုင်ခဲ့လို့ ရှိရင် လည်း ဆရာတို့ကတော့ အရေးယူမှာပဲ၊ ယာဉ်နံပါတ်နဲ့ အချိန်နဲ့ လိုင်းနဲ့ သေချာတိုင်ရင် ဆရာတို့အရေးယူသွားမှာပေါ့နော်။"

ဒီသြင်္ကန်အတွင်းပြေးဆွဲတဲ့ ယာဉ်လိုင်းတွေအနေနဲ့ အရင်ပုံမှန်ရက်တွေလိုမျိုး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံ ပေးသွင်းရတဲ့ပိုက်ဆံ သွင်းစရာမလိုဘူးလို့လည်း ဒေါက်တာမောင်အောင် က ပြောပါ တယ်။

ပြောထားတဲ့အတိုင်း ယာဉ်လိုင်းတွေ တကယ် ထွက်/မထွက်ဆိုတာကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လိုက်လံကြီးကြပ်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ ကစပြီး Air-Con ကားတွေဆို ၂၀၀ Air-Con တပ်ဆင်မထားတဲ့ YBS ကားတွေရဲ့ ယာဉ်စီးခတွေဆို ခရီးစဉ် အပိုင်းအလိုက် ၁၀၀ ကနေ စတင်ကောက်ခံဖို့ ပြောင်းလဲသတ်မှတ်ထား ပါတယ်။

ဒါပေမဲ့ သြင်္ကန်တွင်းမှာ တချို့ကားတွေက ယာဉ်စီးခတွေကို ၅၀၀ ကျပ်အထိ ပိုကောက်နေတာတွေရှိနေတယ်ဆို ပြီး ခရီးသွားပြည်သူတွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ပုံမှန်ရက်တွေမှာ YBS ယာဉ်လိုင်းပေါင်း ၈၀ ကျော်ရှိပြီး တစ်ရက်ကိုယာဉ်အစီးရေ ၃ ထောင်ကျော်နဲ့ ပြေးဆွဲနေ တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org