စည်ပင်ကို မကျေနပ်လို့ လွှတ်တော်အမတ် ဆန္ဒပြ

2013.08.18

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ဟာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ကန့်ကွက်ကြောင်း စာတန်းပါတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။

တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်း နဲ့ သစ္စာလမ်းထောင့်က ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ ရုံးစိုက်ခဲ့တဲ့ မြေနေရာမှာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက လူနေအထပ်မြင့်တိုက် ကွန်ဒိုမီနီယံ တစ်လုံး ဆောက်လုပ်ခွင့်ပြုလိုက်တာကြောင့်ကန့်ကွက်ဆန္ဒပြတာလို့ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

"ကျွန်တော်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ဆောင်ချက်က မှားယွင်းတယ်ဆိုတာကို ကန့်ကွက်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်လို တာဝန်ယူဖြေရှင်းပေးမလဲဆိုတာကို သိချင်တဲ့ အတွက် ဒီမတ်ဆေ့ချ်ကို သူ့ရှေ့မှာ လာပေးတာပါ"

အဲဒီ မြေနေရာဟာ ပြည်ခိုင်ဖြိုးပါတီ ရုံးမစိုက်ခင်က အများပြည်သူသုံး ပန်းခြံ ဖြစ်တယ်လို့လည်း သိရပါတယ်။ အရင်ကလည်း အဲဒီမြေနေရာဟာ အရင်က အစိုးရပိုင်မြေဖြစ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း အချိန်တုန်းက အဲဒီနေရာမှာ ဝင်ရောက် ရုံးစိုက်လိုက်ပြီးနောက်ပိုင်း မြေနေရာကို အပိုင်သိမ်းလိုက်တယ်လို့လည်း သိရပါတယ်။ ဒီကိစ္စကို တောင်ဥက္ကလာပမြို့နယ် ဒေသခံတွေကလည်း မကြေနပ်ကြဘူးလို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။