ဆော-ကျောက်ထု လမ်းမှာ စစ်ကောင်စီတပ်ကို YDF မိုင်းခွဲ၊ ဗိုလ်မှူးအပါအဝင် လေးဦးသေ

မကွေးတိုင်း ဆော-ကျောက်ထု လမ်းပိုင်းမှာ အောက်တိုဘာ ၁ ရက် မနေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောင်းကို YDF အထူးပြောက်ကျားတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်မှူး ဘုန်းမြင့်ကျော် အပါအဝင် လေးယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ Yaw Defence Force (Saw & Kyaukhtu) အဖွဲ့က ထုတ်ပြန်ပါတယ်။

ယောပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် Photo: CJ

မကွေးတိုင်း ဆော-ကျောက်ထု လမ်းပိုင်းမှာ အောက်တိုဘာ ၁ ရက် မနေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောင်းကို YDF အထူးပြောက်ကျားတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်မှူး ဘုန်းမြင့်ကျော် အပါအဝင် လေးယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ Yaw Defence Force (Saw & Kyaukhtu) အဖွဲ့က ထုတ်ပြန်ပါတယ်။

မကွေးတိုင်းထဲက ယော၊ ဆောနဲ့ တောင်တွင်းကြီးနယ်တစ်ဝိုက်တို့မှာ ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတို့ မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဲဒီဒေသတွေကို စစ်ကောင်စီဘက်က အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာဖြစ်ပါတယ်။

ဒါကြောင့် YDF အဖွဲ့တွေက ပြည်သူတွေအနေနဲ့ ဒီရက်ပိုင်းအတွင်း ဆော-ကျောက်ထု လမ်းပိုင်းမှာ ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ဆောမြို့နယ်ဘက်မှာ အင်အား ၃၀ လောက်ရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို CDF ၊ YDF နဲ့ SPDF အဖွဲ့တို့ ပူးပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၁ ယောက်သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org