ရေစကြိုမှာ ကလေးနှစ်ဦးအပါအဝင် ငါးဦး သေနတ်ကျည်ထိမှန်သေဆုံး

ရေစကြိုမြို့နယ် ရေလယ်ကျွန်းကျေးရွာကို မေလ ၂၆ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်တာကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် ဒေသခံငါးဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုနွေဦးက RFA ကို ပြောပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းကျေးရွာကို စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်တာကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများကို ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်က တွေ့ရစဉ်။ Citizen Journalist

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းကျေးရွာကို မေလ ၂၆ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်တာကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် ဒေသခံငါးဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုနွေဦးက RFA ကို ပြောပါတယ်။

မေလ ၂၆ ရက်နေ့ မနက် ၆ နာရီလောက်မှာ ရေစကြိုမြို့နယ် ရေလယ်ကျွန်းနဲ့ မီးလောင်ကျွန်းစတဲ့ ရွာတွေကို တိုက်ပွဲမရှိဘဲ အင်အား ၂ဝဝ လောက်နဲ့ စစ်ကြောင်းလေးကြောင်းခွဲပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ငါးဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံငါးဦး သေဆုံးခဲ့တဲ့အပြင် ဖမ်းဆီးခံရသူတွေရှိပေမဲ့လည်း အရေအတွက်အတိအကျကိုတော့ မသိရသေးဘူးလို့ ကိုနွေဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဝင်ရောက်ပစ်ခတ်မှုကြောင့် မီးလောင်ကျွန်းရွာမှာ အဘွားအိုတစ်ဦး၊ လှေခုတ်ရွာက သားအမိ နှစ်ဦး သေဆုံးခဲ့ပြီး၊ ဆင်တဲ(မြောက်ရွာ)က အမျိုးသမီးတစ်ဦးနဲ့ မဲကုန်းရွာက ကလေးငယ်နှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ RFA အနေနဲ့ ဒေသခံတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းနဲ့ အင်တာနက်အခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အရပ်သားတွေ ထိခိုက်သေဆုံးတာ၊ ဖမ်းဆီးခံရတာတွေနဲ့ ပတ်သက်ပြီး မကွေးတိုင်း စစ်ကောင်စီပြောရေးဆိုခွင့် ရှိသူ ဦးမျိုးအောင်ကို RFA ဝါရှင်တန်ဒီစီ ရုံးချုပ်ကနေ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org