ခလရ ၂၅၇ ကို ရေစကြို PDF တွေ တိုက်ခိုက်

သင်္ကြန်ကျင်းပနေတဲ့ ခလရ (၂၅၇) တပ်ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ People Defence Force Column 1 တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ Yesagyo PKF

သင်္ကြန်ကျင်းပနေတဲ့ ခလရ (၂၅၇) တပ်ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ People Defence Force Column 1 တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

ဧပြီလ ၁၄ ရက်နေ့ မကွေးတိုင်း ရေစကြိုမြို့နယ် ဖူလုံရွာအနီးက တပ်မ (၁၀၁) လက်အောက်ခံ ခလရ (၂၅၇) တပ်ထဲကို ရေစကြိုမြို့နယ် မဟာမိတ်တပ်တွေ ပူးပေါင်းပြီး လက်နက်ကြီးနဲ့ အချက် ၃၀ လောက် ပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်သေဆုံး ပျက်ဆီးမှုတွေကို မသိရသေးပေမယ့် ခလရ (၂၅၇) ထဲက လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်တာကြောင့် လယ်လုပ်နေတဲ့ ဒေသခံအမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။

ဒီပစ်ခတ်မှုကိုတော့ ရေစကြိုမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ People Defense Column 1 နဲ့ Middle it Zone၊ Thakhin Mya PDF တို့ ဖြစ်တယ်လို့ ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ခလရ (၂၅၇) ဘက်က ပြန်လည်ပစ်ခတ်လို့ ထိခိုက်ဒဏ်ရာရသွားတဲ့ အခြေအနေတွေကို သိနိုင်ဖို့ ဒေသခံတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်း အခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်မှာ ခလရ (၂၅၇) ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

သင်္ကြန်ကာလအတွင်း စစ်ကောင်စီတပ်တွေနဲ့ ဝေးဝေးနေဖို့ စစ်ကောင်စီကျင်းပတဲ့သင်္ကြန်မှာ ပါဝင်မဆင်နွှဲဖို့ ရေစကြို PDF တွေက သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org