အလှူခံတွေအတွက် ရန်ကုန်အစိုးရ စည်းကမ်းချက်ထုတ်
သဘာဝဘေးအကြောင်းပြပြီး လိမ်လည် အလှူခံနေတာတွေကို အရေးယူဖို့ အချက် ၁၂ ချက်ပါ စည်းကမ်းချက်တွေကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
-
2016-11-05 -
-
-
သဘာဝဘေးအကြောင်းပြပြီး လိမ်လည်အလှူခံနေတာတွေကို အရေးယူဖို့ အချက် ၁၂ ချက်ပါ စည်းကမ်းချက်တွေ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
တိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်ကို ကြေညာချက်ထုတ်ပြန်ထားပြီး မြို့နယ်အလိုက် ဗီနိုင်းတွေနဲ့ကြော်ငြာဖို့အတွက် မြို့နယ်အစီအစဉ်နဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေး က ပြောပါတယ်။
"အလှူခံမယ်ဆိုရင် လုပ်ထုံးလုပ်နည်းနဲ့အညီ တင်ပြခွင့်ပြုချက် တောင်းခံပြီးမှ အလှူခံခွင့်ပြုထားတယ်၊ ကျနော်တို့ကို အမိန့်ထုတ်ပါဆိုလို့ အမိန့်ထုတ်ပြန်ပြီးသွားပြီ၊ ဗီနိုင်းကပ်တာကတော့ မြို့နယ်ရဲ့ အစီအစဉ်ပေါ်မှာ မူတည်ပြီးမှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"
အဲဒီ စည်းကမ်းချက်တွေမှာ အလှူခံအဖွဲ့အနေနဲ့ အသင်းအဖွဲ့မှတ်ပုံတင်ရှိရမှာဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ထောက်ခံချက်တွေနဲ့ အလှူခံရရှိငွေကို ၂၄ နာရီအတွင်း ပြန်လည်တင်ပြဖို့၊ သွားရောက်လှူဒါန်းပြီးတဲ့ ဒေသမှာ တာဝန်ရှိသူရဲ့ ထောက်ခံချက်ပြန်လည်တင်ပြဖို့၊ အသံချဲ့စက် နဲ့ ဆောင်းဘောက်တွေကို သင့်တင့်ရုံဖွင့်ဖို့နဲ့ နေထွက်ချိန်ကနေ နေဝင်ချိန်အထိသာ အလှူခံဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့ကရက်စွဲနဲ့ အဲ့ဒီစည်းကမ်းချက်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး လူစည်ကား ရာ နေရာတွေမှာ ဗီနိုင်းချိတ်ဆွဲ ကြော်ငြာတာတွေကို အခုရက်ပိုင်းမှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။
သတိပေးချက်တွေကို မလိုက်နာခဲ့ရင် သက်ဆိုင်ရာတည်ဆဲ ဥပဒေအပြင် ပုဒ်မ ၁၁၈ အရ အရေးယူခံရ မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။