ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားနှစ်ဦးနဲ့ မိခင်တို့ အဖမ်းခံထားရ

ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူနဲ့ မိခင် ဖြစ်သူတို့ကို စစ်ကောင်စီက ဒီတစ်ပတ်အတွင်းမှာ ဖမ်းဆီးသွားတယ်လို့ ရန်ကုန် ပညာရေး တက္ကသိုလ်ကျောင်းသား သမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ကိုထက်ရာဇာနဲ့ နောက်ဆုံးနှစ် ကျောင်းသူ မထူးစံအောင်ကို တွေ့ရစဉ် Photo: Yangon University of Education Students' Union

ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူနဲ့ မိခင်ဖြစ်သူတို့ကို စစ်ကောင်စီက ဒီတစ်ပတ်အတွင်းမှာ ဖမ်းဆီးသွားတယ်လို့ ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသား သမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ကိုထက်ရာဇာကို နိုဝင်ဘာ ၃ ရက်နေ့ညမှာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ မကြီးထုံးကျေးရွာမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ကိုထက်ရာဇာရဲ့ မိခင်ကိုပါ ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး နောက်ဆုံးနှစ် ကျောင်းသူ မထူးစံအောင်ကိုတော့ နိုဝင်ဘာ ၆ ရက် မနေ့ကမနက်ပိုင်းမှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းတိုက်နယ် ရွာသစ် ၁ မှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တာလို့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက ဖော်ပြထားပါတယ်။

ကိုထက်ရာဇာနဲ့ မိခင်ဖြစ်သူကို ပန်းတောင်းမြို့မှာ ဖမ်းဆီးထားပြီး ကိုထက်ရာဇာကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ အမှုဖွင့်ထားပါတယ်။

ဒီပုဒ်မဟာ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့အဖွဲ့ကို ငွေကြေးထောက်ပံ့ရင် အရေးယူလို့ရတဲ့ ပုဒ်မ ဖြစ်သလို ပစ်မှုထင်ရှားရင် ထောင်ဒဏ်တစ်သက်နဲ့ ငွေဒဏ်ချမှတ်ခံရနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

မထူးစံအောင်ကိုတော့ စစ်ကောင်စီက ကရင်ပြည်နယ် ဖားအံမြို့မှာ ဖမ်းဆီးထားတယ်လို့ ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက ရေးသားထားပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ အသေးစိတ်အချက်အလက်နဲ့ ဘာကြောင့်ဖမ်းဆီးသွားတယ် ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကိုရန်ပိုင်စိုး၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်၊ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီက ဒေါ်သက်ဆုလှိုင်၊ ဦးနိုင်းသီဟကျော်နဲ့ တခြား အမည်မသိရသေးတဲ့ နှစ်ယောက်တို့ဟာ မန္တလေးမြို့ပေါ်မှာပဲ စစ်ကောင်စီရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org