လူထုကို ဗဟိုပြုပြီး နိုင်ငံအပြောင်းအလဲ ဆောင်ရွက်ရန် ဒေါ်သန်းမြင့်အောင် ဆွေးနွေး

လူငယ်အဖွဲ့တွေ ဦးစီးပြီး အပတ်စဉ် ကျင်းပနေတဲ့ အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဆိုတဲ့ တတိယအကြိမ် ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ တော်ဝင်နှင်းဆီမှာ ဒီနေ့ကျင်းပခဲ့ပြီး၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဒုဥက္ကဋ္ဌ စာရေးဆရာမ သန်းမြင့်အောင် က ငြိမ်းချမ်းရေးနဲ့ပရဟိတအကြောင်း ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံအပြောင်းအလဲမှာ အစိုးရတဘက်တည်းက ဦးစီးဆောင်ရွက်နေတာထက် လူထုကို ဗဟိုပြုပြီး ဆောင်ရွက်မှ ပိုပြီးထိရောက်မှာ ဖြစ်သလို အကျိုးဖြစ်ထွန်းမယ်လို့ ဆရာမ သန်းမြင့်အောင် က ဆွေးနွေးပါတယ်။

ဒီလို လူထုဗဟိုပြုဖို့ အတွက် လူငယ်အသင်းအဖွဲ့တွေရဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေ ပိုရဖို့ လိုအပ်သလို၊ ဒီလိုဆောင်ရွက်ခွင့်ရလာမှလည်း ပြည်သူ့အကျိုးအတွက် မောင်းနှင်အားတွေ ဖြစ်လာပြီး၊ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို ထူထောင်လာနိုင်လိမ့်မယ်လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲတွေဖြစ်ဖို့ အလင်းစေတမန် စာကြည့် တိုက်၊ အလင်းသစ် ဦးတည်ရာ စာကြည့်တိုက်၊ Generation Wave၊ Safety Net လူငယ်အဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ပါဝင်ပြီး အဖွဲ့ ၁၀ ဖွဲ့ကျော်လောက်က ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပရဟိတအကြောင်းဆွေးနွေးခဲ့တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဒုဥက္ကဋ္ဌ စာရေးဆရာမ သန်းမြင့်အောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထား ပါတယ်။


ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org