လူငယ်ပညာရှင် ပေါ် ထွန်းရေး ဆွေးနွေးပွဲ ကျင်းပ
"အစိုးရသစ်ရဲ့နိဒါန်းနဲ့ ပညာရှင်တို့ရဲ့ အာရုဏ်ဦး" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေး ပွဲကို ဒီနေ့ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပခဲ့ပါတယ်။
-
2016-04-03 -
-
-
Your browser doesn’t support HTML5 audio
"အစိုးရသစ်ရဲ့နိဒါန်းနဲ့ ပညာရှင်တို့ရဲ့ အာရုဏ်ဦး" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ဒီနေ့ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပခဲ့ပါတယ်။
အစိုးရသစ်လက်ထက်မှာ ပညာရှင်လူငယ်တွေ ထွက်ပေါ်လာဖို့အတွက် နိုင်ငံတကာ တက္ကသိုလ်တွေမှာ ပညာသင် ဆုတွေ ရရှိအောင် ဆောင်ရွက်ပေးဖို့ မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်း က ဆွေးနွေးခဲ့ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ကို ပြောခွင့်ရရင်လည်း ခရီးထွက်သမျှမှာ နိုင်ငံတကာတက္ကသိုလ်တွေမှာ ကျနော်တို့လူငယ်တွေအတွက် ပညာတော်သင်ဆုရရှိရေး တောင်းပေးပါပေါ့၊ လက်ရှိအစိုးရမှာလည်း တာဝန်ရှိပါတယ်၊ အဲ့ဒီတော့ သူ့အနေနဲ့ နိုင်ငံတကာတက္ကသိုလ်တွေမှာ ကျနော်တို့ ကလေးတွေအတွက် တက္ကသိုလ်တစ်ခုမှာ ကျမတို့အတွက် ပညာတော်သင်ဆု ၁ဝဝ ပေးပါ၊ ပညာတော်သင်ဆု ၅ဝ ပေးပါ ၊ နိုင်ငံတကာတက္ကသိုလ်ကြီးတွေက တောင်းကြည့်ပါ၊ ကျနော်ထင်တယ် အများကြီးရပါလိမ့်မယ်၊ ကျနော်တို့ နိုင်ငံက ပညာတော်သင်ဆုတွေ မရှိပဲနဲ့ ပညာသင်မျိုးဆက်တွေ မရှိပဲနဲ့ ကျနော်တို့ အလုပ်လုပ်ဖို့ ခက်ပါတယ်"
ဆွေးနွေးပွဲကို ဦးအောင်သူငြိမ်း အပါအဝင် စီးပွားရေးပညာရှင်တွေဖြစ်တဲ့ ဦးမြင့်ဇော်၊ ဒေါ်သဇင်အောင် တို့က ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ FPPS နဲ့ ပေါင်းစည်းဝေဆာ ပြည်မြန်မာ လူမှုအဖွဲ့တို့က ပူးပေါင်းကျင်းပတာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အပါအဝင် ပရိသတ် ၁ဝဝ ဝန်းကျင် တက်ရောက်ခဲ့ ပါတယ်။
အစိုးရအသစ်အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး မူဝါဒတွေကို ပွင့်လင်းမြင့်သာစွာ ချမှတ်ဖို့အတွက်လည်း ပညာရှင်တွေ က အဲ့ဒီဆွေးနွေးပွဲမှာ တိုက်တွန်းခဲ့ပါတယ်။
ဆွေးနွေးပွဲကိုနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုအောင်သိင်္ခ က တင်ပြထားတာ နားဆင်နိုင်ပါတယ်။