ဇာဂနာရဲ့ အနုပညာပြပွဲ ရုပ်ရှင်ကားတချို့ စင်္ကာပူရဲက ပြသခွင့် ပိတ်ပင်
စင်္ကာပူနိုင်ငံ အခြေစိုက် “ရသအလင်း” အဖွဲ့က စီစဉ်တဲ့ “ရုန်းကန် ရှင်သန်နေ သော အလှတရား- Surviving Beauty” အနုပညာ ဟောပြောပွဲနဲ့ ရုပ်ရှင်ပြပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့ညက စင်္ကာပူ နိုင်ငံမှာ ကျင်းပခဲ့ရာမှာ စင်္ကာပူ အာဏာပိုင်တွေက ဆင်ဆာကင်းလွတ်ခွင့် မရှိတဲ့ ရုပ်ရှင်ကားတချို့ကို ပြသခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
-
2012-01-22 -
-
-
ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရ။ (Photo: AFP)
(Photo: AFP)
အပိတ်ပင်ခံရတဲ့ ဇာတ်ကားတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ “လွတ်လပ်ခြင်း အနုပညာ” ပွဲတော်မှာ ဝင်ရောက် ယှဉ်ပြိုင်ပြီး ဆန်ကာတင်အဆင့် ရွေးချယ်ခံခဲ့ရတဲ့ ဇာတ်ကားတွေဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဆင်ဆာကင်းလွတ်ခွင့် လက်မှတ် မရယူထားတဲ့အတွက် အဲဒီဇာတ်ကားတွေကို ပြသခွင့် ပိတ်ပင်ခဲ့တာ ဖြစ်တယ်လို့ သရုပ်ဆောင်ဒါရိုက်တာ လူရွှင်တော် ကိုဇာဂနာက RFA ကို ပြောပါတယ်။
ပရိသတ် ရာနဲ့ချီပြီး တက်ရောက်အားပေးတဲ့ အဲဒီဟောပြောပွဲ အမေးအဖြေကဏ္ဍမှာ တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေကို လူရွှင်တော် ကိုဇာဂနာက ပြန်လည် ဖြေကြားသွားပါတယ်။