RFA၊ ဧရာဝတီ၊ 7 Day သတင်းမှန်တွေ စောင့်ကြည့်ဖို့ သမ္မတရုံးပြော

ကိုရိုနာဗိုင်းရပ်စ် သတင်းတွေနဲ့ပတ်သက်လို့ RFA အပါအဝင် သတင်းဌာနကြီးတွေက ဖော်ပြမှသာ ယုံကြည်ကြဖို့ သမ္မတရုံးက ဒီနေ့ပြောလိုက်ပါတယ်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး


ကိုရိုနာဗိုင်းရပ်စ် သတင်းတွေနဲ့ပတ်သက်လို့ ဧရာဝတီ၊ RFA နဲ့ 7 Day စတဲ့ သတင်းဌာနကြီးတွေက ဖော်ပြမှသာ ယုံကြည်ကြဖို့  သမ္မတရုံးက ဒီနေ့ပြောလိုက်ပါတယ်။

နေပြည်တော်မှာ မတ်လ ၁၃ ရက် ဒီနေ့ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ပြည်သူတွေ အစိုးရိမ်မလွန်ကြဖို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလို ပြောခဲ့တာပါ။

လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာနအနေနဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေကို ထူးခြားမှုရှိရင် ရှိသလို အချိန်နဲ့တပြေးညီ ထုတ်လွှင့်ပေးနေပါတယ်။

RFA အစီအစဉ်တွေကို ဖေ့စ်ဘွတ်လူမှုကွန်ရက်၊ ယူကျုဒ်နဲ့ အင်တာနက်ဝဘ်ဆိုဒ်ကနေ အချိန်မရွေး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org