ကျောင်းသားတစ်ဦးရဲ့အနာဂတ်ကို ပညာရေးချေးငွေက ဘယ်လောက်ပြောင်းလဲနိုင်သလဲ

တက္ကသိုလ်ပညာရေးမှာ Student Loan လို့ခေါ်တဲ့ ပညာရေးချေးငွေဟာ တက္ကသိုလ်ကျောင်းသား တစ်ဦးရဲ့ အနာဂတ်ကို ဘယ်လောက်အထိ ပြောင်းလဲပေးနိုင်သလဲ ဆိုတာကို ဆွေးနွေးထားကြပါတယ်။

ယနေ့ နိုင်ငံရေး

ဒီတစ်ပတ် “ယနေ့ နိုင်ငံရေး” အစီအစဉ်မှာ နိုင်ငံ့ရေးရာကိစ္စတွေထဲက အရေးကြီးကိစ္စတစ်ခုဖြစ်တဲ့ တက္ကသိုလ် ပညာရေး အကြောင်း ဆွေးနွေးထားပါတယ်။ "Student Loan လို့ခေါ်တဲ့ ပညာရေးချေးငွေဟာ တက္ကသိုလ်ကျောင်း သားတစ်ဦးရဲ့ အနာဂါတ်ကို ဘယ်လောက်ထိ ပြောင်းလဲပေးနိုင်သလဲ" ဆိုတာကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ဘွဲ့ကြိုကျောင်းသူကျောင်းသား၊ အထူးသဖြင့် စာကြိုးစားတဲ့ ဘွဲ့လွန်ကျောင်းသူကျောင်းသားတွေကို အစိုးရကနေ အတိုးနည်းနည်းနဲ့ Student Loan ထုတ်ချေးဖို့ လွှတ်တော်ထဲမှာ အဆိုတင်သွင်းခဲ့တဲ့ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ၊ စိုက်သိပ္ပံကျောင်းသားဟောင်း ကိုရဲဝင်းနိုင် တို့နဲ့အတူ RFA-ဝိုင်းတော်သူ မအေးအေးမွန် က ဆွေးနွေးတင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org