၁၇ နှစ်ပြည့် “9/11” အကြမ်းဖက်မှုကြီး
2018.09.11
အမေရိကန်မြေပေါ်မှာ ပထမဆုံး အကြမ်းဖက်ခံရပြီး လူပေါင်းသုံးထောင်ကျော် သေဆုံးရတဲ့ “9/11” လို့ လူသိများတဲ့ အကြမ်းဖက်မှုကြီး ဖြစ်ပွားခဲ့တာ ဒီကနေ့ဆိုရင် ၁၇ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။
ဒီအကြမ်းဖက်မှုကြီးဟာ အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တာဆိုပေမယ့် လူမျိုးပေါင်းစုံနေထိုင်တဲ့ နယူးယောက်လို မြို့ကြီးမှာ ဖြစ်ခဲ့တာမို့ နယူးယောက်မြို့မှာရှိနေတဲ့ မြန်မာတွေလည်း မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်။ ၁၇ နှစ် ကြာလာပြီးနောက် 9/11 အကြောင်းတွေကို အမှတ်ရနေကြဆဲ ဖြစ်ပါတယ်။
RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။