၂၈ နှစ်မြောက် တံတားနီနေ့ တင်ပြချက်
ဒီနေ့ဟာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့ တုန်းက ပြည်လမ်းမပေါ်က တံတားဖြူအနီးမှာ ဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ်နဲ့ စက်မှု တက္ကသိုလ်ကျောင်းသားတွေကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့ တာကြောင့် တံတားနီလို့ သတ်မှတ်ရတဲ့အထိ သွေး လွှမ်းခဲ့တဲ့နေ့ ဖြစ်ပါတယ်။
-
2016-03-16 -
-
-
Your browser doesn’t support HTML5 audio
ဒီနေ့ဟာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တုန်းက ပြည်လမ်းမပေါ်က တံတားဖြူအနီးမှာ ဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ် နဲ့ စက်မှုတက္ကသိုလ်ကျောင်းသားတွေကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် တံတားနီလို့ သတ်မှတ်ရတဲ့အထိ သွေးလွှမ်းခဲ့တဲ့နေ့ ဖြစ်ပါတယ်။
ဒီနေ့ဟာဆိုရင် တံတားနီနေ့ ဖြစ်ပေါ်လာတဲ့၂၈ နှစ်မြောက်နေ့ ဖြစ်ပါတယ်။
အဲဒီအချိန်က ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ဥပဒေနောက်ဆုံးနှစ်ကျောင်းသား ကိုမင်းဇေယျကို တံတားနီနေ့ ဖြစ်ပေါ်လာတဲ့အကြောင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။