အစိုးရအဖွဲ့ဝင်တွေကို လုပ်ငန်းရှင်တွေဖိတ်တဲ့ အခမ်းအနားမတက်ဖို့ တားမြစ်

ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး ပြည်နယ် အဆင့် အစိုးရအဖွဲ့ဝန်ကြီးဌာနတွေ ကို ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေ ဖိတ်ကြားတဲ့ အခမ်းအနားတွေကို တက်ရောက်ခြင်းမပြုဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက် ထုတ်ပြန်ပြီး တားမြစ်လိုက်ပါတယ်။

ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝန်ကြီးဌာနတွေကို ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ ဖိတ်ကြားတဲ့ အခမ်းအနားတွေကို တက်ရောက်ခြင်းမပြုဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက် ထုတ်ပြန်ပြီး တားမြစ်လိုက်ပါတယ်။

အစိုးရအဖွဲ့ဝင်တချို့ဟာ ပွဲလမ်းသဘင်တွေ အခမ်းအနားဖွင့်ပွဲတွေ တက်ရောက်မှု များနေတယ်ဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာ အခုလိုကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မသက်စုအောင် က တင်ပြထားပါတယ်။

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org