တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်နဲ့ တရုတ် အချေအတင်ဖြစ်ခဲ့
တောင်တရုတ်ပင်လယ်ထဲက Second Thomas ကျွန်းမှာ ကမ်းကပ်ထားတဲ့ ဖိလစ်ပိုင်ရေတပ်ရဲ့ BRP Sierra Madre သင်္ဘောပေါ်က စစ်သားတွေအတွက် ရိက္ခာပို့တဲ့လမ်းမှာ တရုတ်ကမ်းစောင့်တပ်သင်္ဘောတွေက ပိတ်ဆို့လို့ နှစ်ဖက်တင်းမာတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။
- 2023-11-24
-
-
-
တောင်တရုတ်ပင်လယ်ထဲက Second Thomas ကျွန်းမှာ ကမ်းကပ်ထားတဲ့ ဖိလစ်ပိုင်ရေတပ်ရဲ့ BRP Sierra Madre သင်္ဘောပေါ်က စစ်သားတွေအတွက် ရိက္ခာပို့တဲ့လမ်းမှာ တရုတ်ကမ်းစောင့်တပ်သင်္ဘောတွေက ပိတ်ဆို့လို့ နှစ်ဖက်တင်းမာတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ ဖိလစ်ပိုင်သင်္ဘောကို တရုတ်ကမ်းစောင့်တပ်သင်္ဘောက ရေပိုက်နဲ့ ထိုးပြီးတားတာ တွေ့ရပါတယ်။ အဲဒီခရီးမှာ RFA နဲ့ ညီနောင်ဖြစ်တဲ့ Benar News သတင်းဌာနရဲ့ ဝါရင့်သတင်းထောက် RON LOPEZ လိုက်ပါသွားပါတယ်။ ရွန်လိုပက်ဇ် ပေးပို့တဲ့သတင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။