ဒေါ်အောင်ဆန်းစုကြည်ရဲ့ သံတွဲမြို့ကဟောပြောပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်ခရီးစဉ် ၂ ရက်မြောက်နေ့မှာ သံတွဲမြို့က ဘောလုံးကွင်းမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဟောပြောခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်ခရီးစဉ် ၂ ရက်မြောက်နေ့မှာ သံတွဲမြို့က ဘောလုံးကွင်းမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဟောပြောခဲ့ပါတယ်။

သံတွဲအပြီးမှာ အဲ့ဒီကနေ ၃ နာရီလောက်ဝေးတဲ့ သံတွဲနဲ့ ဂွမြို့ကြားက ကျိန္တလီမြို့နယ်ခွဲ ဆပ်သွားရွာမှာလည်း ဟောပြောခဲ့ပါတယ်။

ဟောပြောပွဲတွေမှာ သန့်ရှင်းတဲ့အစိုးရဖြစ်အောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်းပြောခဲ့သလို မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးကြဖို့နဲ့ အသက် ၁၈ နှစ်မပြည့်သေးသူ လူငယ်တွေအနေနဲ့လည်း မိမိတို့ရဲ့ အနာဂတ်အတွက် မဲပေးကြပါလို့ တိုက်တွန်းဖို့ ပြောခဲ့ပါတယ်။

RFA ဝိုင်းတော်သား ဦးဝင်းနိုင်က သံတွဲနဲ့ ကျိန္တလီမြို့ကနေ ကောက်နှုတ်တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org