ဗိုလ်ချုပ်နှစ်တစ်ရာပြည့် မွေးနေ့ အကြို ပျော်ဘွယ်မြို့

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရွှေပြည်သာ ဘုရားဝင်းမှာ ဗိုလ်ချုပ်နှစ်တစ်ရာပြည့် မွေးနေ့အကြို လူထုဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ပြီးဟောပြောခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရွှေပြည်သာဘုရားဝင်းမှာ ဗိုလ်ချုပ်နှစ်တစ်ရာပြည့် မွေးနေ့အကြိုလူထုဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောခဲ့ပါတယ်။

RFA သတင်းထောက်  မဝေယံမိုးမြင့်က ကောက်နှုတ်တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းကိုကျေးဇူး တင်တယ်ဆိုရင် သူချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကိုလုပ်ဆောင်ပြီးကျေးဇူးဆပ်ဖို့ အဓိကထားပြောခဲ့ပြီး တတ်နိုင်သလောက် ပြည်သူအကျိုးကိုသယ်ပိုးကြဖို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာစတင်ပြီးလွတ်လပ်ရေးရရှိခဲ့ပေမယ့် နိုင်ငံသူနိုင်ငံသားတွေက အမှန်တကယ် လွတ်လပ်ရေးမရရှိသေးပဲ မှန်ကန်တဲ့ လွတ်လပ်မှုကိုရရှိအောင်ပြည်သူတွေက ကြိုးစားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒေါ်စု

ကလေးတွေဟာ ငယ်စဉ်ထဲက နိုင်ငံအတွက်စွမ်းဆောင်ချင်တဲ့စိတ်ဓါတ် နိုင်ငံရေးစီတ်ဓါတ်ရှိဖို့ လိုအပ်သလို ပြည်သူတွေအတွက် တတ်နိုင်သလောက် စွမ်းဆောင်ပေးနိုင်တဲ့သူတွေဖြစ်လာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မိဘတွေဟာ ကလေးငယ်တွေကို ဆိုဆုံးမရာမှာ ရုပ်ပိုင်းဆိုင်ရာပြည်စုံမှုအတွက်သာ ပြောဆိုဆုံးမတာထက် ပြည်သူလူထုကလေးစားတဲ့အရည်အချင်းတွေကို သားသမီးတွေကို ပေးနိုင်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်စု

လက်ရှိမြန်မာနိုင်ငံမှာ ပြည်သူလူထုဟာ စားဝတ်နေရေးအတွက်သာ ရုန်းကန်နေရပြီး နိုင်ငံရေးအပေါ် စိတ်မဝင်စားတာဟာ မဖြစ်သင့်ကြောင်း နိုင်ငံရေးပြေလည်မှသာ စားဝတ်နေရေးတွေ ပြေလည်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံဟာ နိုင်ငံရေးလမ်းကြောင်းမှားယွင်းမှုကြောင့် စီးပွားရေးချွတ်ချုံကျတဲ့ နိုင်ငံဖြစ်ခဲ့ရတာ ကြောင့် နိုင်ငံရေးဟာ အရေးမကြီးဘူးလို့ပြောဆိုမှုတွေကို နားမယောင်ဖို့ ပြောပါတယ်။

ဒေါ်စု

ဒီနေ့ ပျော်ဘွယ်မြို့မှာ ကျင်းပတဲ့ လူထုဟောပြောပွဲကို လူဦးရေ ကျော်တက်ရောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်အကြို လူထုဟောပြောပွဲတွေကို ရမည်းသင်း ပျဉ်းမနား ပဲခူး စတဲ့ဒေသတွေမှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာကျရောက်တဲ့ ဗိုလ်ချုပ်မွေးနေ့ကို နတ်မောက်မြို့မှာ ၇ တိုင်ကျင်းပမှာဖြစ်ပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာလဲ ကျင်းပသွားမှာဖြစ်ပါတယ်ရှင်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org