ကချင်ပြည်နယ် ဆဒုံးမြို့နယ်မှာ ဘိန်းစိုက်မှုများ

ကချင်ပြည်နယ် ဆဒုံးမြို့နယ်ဟာ ဘိန်းစိုက်ပျိုးမှု များနေပြီး၊ ရွာတွေမှာ ပြီးခဲ့တဲ့လ ပြည်သူ့စစ်အဖြစ် စုဆောင်းနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ အဲ့ဒီဒေသကို မြန်မာ့တပ်မတော်၊ နယ်ခြားစောင့် တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့က အုပ်ချုပ်နေတာဖြစ် ပါတယ်။

ကချင်ပြည်နယ် ဆဒုံးမြို့နယ်ဟာ ဘိန်းစိုက်ပျိုးမှုများနေပြီး၊ ရွာတွေမှာ ပြီးခဲ့တဲ့လ ပြည်သူ့စစ်အဖြစ် စုဆောင်းနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ အဲ့ဒီဒေသကို မြန်မာ့တပ်မတော်၊ နယ်ခြားစောင့်တပ် နဲ့ ပြည်သူ့စစ်အဖွဲ့တို့က အုပ်ချုပ်နေတာဖြစ်ပါတယ်။

ကန်ပိုက်တီ၊ ဆဒုံး ဆိုတဲ့ဒေသတွေဟာ တရုတ်-မြန်မာကုန်သွယ်ရေးလမ်းမှာ အဓိကလမ်းကြောင်းဖြစ်ပြီး တရုတ်ရဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းအတွက် အသုံးပြုမယ့် ဆောက်လုပ်ရေး ပစ္စည်းတွေတင်သွင်းရာ လမ်းဖြစ်သလို၊ မြန်မာပြည်ထဲမှာဖြန့်ချီမယ့် ကုန်ပစ္စည်းမျိုးစုံပို့ဆောင်နေတဲ့ လမ်းကြောင်းလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေသခံတွေကတော့ တခြားစီးပွားရေး အခွင့်အလမ်းတွေမရှိသလို၊ ရာသီဥတု အေးတဲ့အတွက်ကြောင့် တခြားလယ်ယာနဲ့ သီးနှံမစိုက်ကြဘဲ၊ ဝင်ငွေအရကောင်းတဲ့ ဘိန်းကိုပဲ အများဆုံးစိုက်နေကြပြီး၊ ဒေသခံတွေမှာလဲ ဘိန်းစွဲနေကြတယ်လို့ ပြောကြပါတယ်။

အဲ့ဒီဒေသအကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာနားဆင်နိုင်ပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org