လောက်ကိုင်မြို့စစ်ပွဲ နောက်ဆုံးအခြေအနေတင်ပြချက်
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တဝိုက်မှာ အစိုးရတပ်မတော် နဲ့ ဖုန်ကြားရှင် တပ်တွေ မနေ့ကအထိ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
-
2015-02-15 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တဝိုက်မှာ အစိုးရတပ်မတော် နဲ့ ဖုန်ကြားရှင် တပ်တွေ မနေ့ကအထိ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
အစိုးရ ဝန်ထမ်းတွေဟာ လားရှိုး မန္တလေးမြို့အထိပြန်လာနေကြသူတွေ ရှိသလို တရုတ်ပြည်ဖက်ကို တိမ်းရှောင်နေကြတဲ့ ဒေသခံတွေလည်း ရှိတယ်လို့ သိရပါတယ်။
နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်ပြီး ဦးတင်အောင်ခိုင်က တင်ပြမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တဝိုက်မှာ အစိုးရတပ်မတော် နဲ့ ဖုန်ကြားရှင် တပ်တွေ မနေ့ကအထိ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
အစိုးရ ဝန်ထမ်းတွေဟာ လားရှိုး မန္တလေးမြို့အထိပြန်လာနေကြသူတွေ ရှိသလို တရုတ်ပြည်ဖက်ကို တိမ်းရှောင်နေကြတဲ့ ဒေသခံတွေလည်း ရှိတယ်လို့ သိရပါတယ်။
နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်ပြီး ဦးတင်အောင်ခိုင်က တင်ပြမှာပါ။
ဖေဖော်ဝါရီလ ၉ ရက်ကနေ စတင်ဖြစ်ပွားတဲ့ လောက်ကိုင်ဒေသတွင်း တိုက်ပွဲတွေဟာ လက်ရှိမှာတော့ ငြိမ်သက်နေပြီဖြစ်ပေမယ့် မြို့ခံတွေ တရုတ်ပြည်ဘက်ကို ထွက်ပြေးတာမျိုးရှိသလို လားရှိုးနဲ့ မန္တလေးမြို့တွေကို ထွက်ပြေးတာတွေလည်းရှိပါတယ်။
တရုတ်ပြည်ကို ထွက်ပြေးကြသူတွေဟာ တရုတ်ကုန်သည်တွေနဲ့ တရုတ်လူမျိုးအများစုဖြဟ်ပြီး ပြည်မဘက်ကို ထွက်ပြေးတဲ့ အများစုမှာတော့ ဝန်ထမ်းတွေ အများစုဖြစ်တယ်လို့ဆိုပါတယ်၊ လက်ရှိအနေနဲ့ လောက်ကိုင်မြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပေမယ့် ပစ်ခတ်မှုတစ်ချို့ရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုပြည်နယ်ဦးစီး ရဲမှူးကြီး အောင်မြတ်မိုးက ပြောပြပါတယ်။
ရဲမှူးကြီး အောင်မြတ်မိုး။ ။လောဆောဆယ်ကတော့ မြို့ထဲမှာ ရှင်းလင်းရေးလုပ်ငန်း လုပ်နေတယ် ခင်ဗျ၊ ဟိုတစ်နေ့ကတော့ ပစ်တယ်ခင်ဗျ၊ ပစ်တယ်ဆိုတာ ဒီလိုပဲ လမ်းပေါ်ကနေ ပစ်သွားတာပေါ့၊ ရဲစခန်းပစ်လိုက်၊ ဟိုနေရာပစ်လိုက် အဲ့လိုမျိုး ပစ်နေတာတွေရှိပါတယ်၊ အဲ့ဒါတော့ စိုတစ်နေ့ကပါ၊ ဒီနေ့တော့ မရှိပါဘူးဗျ၊ မြို့ကတော့ အခုကတော့ တစ်ချို့အရောင်းဆိုင်တွေလည်း ပိတ်ထားတာပေါ့နော်၊ တစ်နေရာနဲ့ တစ်နေရာတော့ သွားလာမှုတွေတော့ ရှိပါတယ်၊ တစ်ချို့လည်း ပြည်မဘက်ကိုပြန်သွားကြတယ် အဲ့လိုတွေပေါ့၊ အရင်လိုတော့ စည်စည်ကားကားကြီးတော့ မဟုတ်ဘူးပေါ့ဗျာ၊ အခုအနေအထားအရတော့။
လောက်ကိုင်မြို့အခြေအနေနဲ့ ပတ်သက်ပြီး ကိုးကန့်အဖွဲ့ကပြောတာကတော့ စစ်အုပ်ချုပ်အရိပ်အောက်မှာ လုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားတယ်လို့ဆိုပါတယ်၊ ဒါကြောင့်မြို့ခံတွေ ကြောက်ရွံ့နေကြတယ်လို့ MMDAA အတွင်းရေးမှူး ဦးထွတ်းမြတ်လင်းက ပြောပါတယ်။
ဦးထွတ်းမြတ်လင်း။ ။အခုလောလောဆယ် လောက်ကိုင်မြို့ရဲ့ အုပ်ချုပ်ရေးက တပ်ကပဲကိုင်ထားပါတယ် ခင်ဗျ၊ သူတို့ ကာဖျူးလည်း ထုတ်ထားတယ်ပြောတယ်၊ ပြည်သူတွေ တော်တော်လေးကို တုန်လှုပ်ခြောက်ခြားနေ ပါတယ်ခင်ဗျ၊ ဘာကြောင့်လည်းဆိုတော့ လူတွေ့တိုင် သူတို့က သေနက်နဲ့ပစ်ပါတယ်ခင်ဗျ၊ ကျနော်ရထားတဲ့ သတင်းအရတော့ သူတို့က ရမ်းသမ်းပြီးပစ်နေတယ်ခင်ဗျ၊ ဆိုလိုတာက အဖွားကြီးလည်းပါတယ်၊ ပြီးတော့ အမျိုးသမီးတွေလည်းပါတယ်ခင်ဗျ၊ သေနက်မှန်တဲ့သူတွေပါ အယောက် ၂ဝ လောက်တော့ရှိမယ်ထင်တယ်ဗျ၊ တစ်ခါတစ်လေကျ ဥပမာ အထူးသဖြင့် ဘယ်လိုပြောရမလဲဆိုတော့ လူငယ်ပိုင်းဆိုရင် ရိုက်နှက်တယ်၊ အဲ့လိုပေါ့။
ဦထွန်းမြတ်လင်း ပြောသွားတာပါ၊ ထွက်ပြေးလာသူ ဒေသခံတွေရဲ့ ပြောဆိုချက်အရ မြို့တွင်းမှာ သေနက်သံတွေ မကြာခဏကြားနေရသလို ရဲစခန်းကို ပစ်ခတ်သွားတာမျိုးလည်း ရှိတယ်လို့ဆိုပါတယ်၊ ကိုးကန့်အဖွဲ့က သူတို့ တပ်တွေ မြို့တွင်းမှာရှိနေတယ်ဆိုတာ ဝန်ခံပြောဆိုတာမျိုး မရှိပေမယ့် စစ်တပ်က တစ်အိမ်တက်ဆင်းရှာနေတယ် လို့ ပြောပါတယ်။
သူတို့က တစ်အိမ်တက် တစ်အိမ်ဆင်းပြီးတော့ ကြည့်ရတာ ကျနော်တို့ငတ်ဖို့ လိုက်ရှာနေလားမသိဘူးဗျ၊ တစ်အိမ်တက် တစ်အိမ်ဆင်း အဲ့မှာ တံခါးပိတ်ထားတဲ့ အိမ်ဆိုရင်ဖြိုတယ်၊ အတွင်းမှာရှိတဲ့ ပစ္စည်းတွေဆိုရင် လုယက်ယူတယ်၊ ပြီးတော့ အိမ်ကိုလည်းမီရှို့တယ်လို့ ကျနော်ကြားပါတယ်။
ဦးထွန်းမြတ်လင်း ပြောပြသွားတာပါ၊ ထွက်ပြေးလာသူ လောက်ကိုင်မြို့ခံ ဒေသခံတွေရဲ့ ပြောဆိုချက်အရကတော့ မြို့တွင်းမှာ ဆိုင်ဖောက်တာတွေ၊ လုယက်တာတွေ ရှိတယ်လို့ဆိုပါတယ်၊ ဒါပေမယ့် ဘယ်သူတွေအခုလို ကျူးလွန်နေ တာတွေ ဆိုတာတော့ပြောဆိုခြင်း မရှိပါဘူး။
ဖေဖော်ဝါရီလ ၉ ရက်နေ့ကနေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က ၄၇ ဦး ကျဆုံးတယ်လို့ သတင်းထုတ်ပြန်ထားသလို တနင်္ဂနွေနေ့ အစိုးရသတင်းစာတွေမှာတော့ ကိုးကန့်အဖွဲ့က အလောင်း ၁၃ လောင်းနဲ့ ၈ ဦးကို လက်ရဖမ်းမိတယ်လို့ရေးထားပါတယ်၊ ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောပြချက်အရကတော့ အစိုးရဘက်က ကျဆုံးသူ ၇ဝ ရှိပြီး သူတို့ဘက်က ၃ ဦး ကျပြီး ၅ ဦး ဒဏ်ရာရရှိတယ်လို့ ပြောပါတယ်ခင်ဗျာ။