တပ်မတော် အက်ဥပဒေ ပြင်ဆင်ပုံကို ဥပဒေပညာရှင်တွေ ဝေဖန်

၁၉၅၉ ခုနှစ်တပ်မတော်အက်ဥပဒေ ပြင်ဆင်ဖို့ အမျိုးသားလွှတ်တော်မှာ ဇူလိုင်လ ၃၀ ရက်နေ့က ဆွေးနွေးခဲ့ပါတယ်။

၂ဝ၂၀ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းဝေး တက်ရောက်လာသော တပ်မတော်သားကိုယ်စားလှယ် တချို့ကို တွေ့ရစဉ်။ Photo: Pyidaungsu Hluttaw

၁၉၅၉ ခုနှစ်တပ်မတော်အက်ဥပဒေပြင်ဆင်ဖို့ အမျိုးသားလွှတ်တော်မှာ ဇူလိုင်လ ၃၀ ရက်နေ့က ဆွေးနွေး ခဲ့ပါတယ်။ တပ်မတော်သားတစ်ယောက် ကျူးလွန်ထားတဲ့ပြစ်မှုတစ်ခုကို “ကျူးလွန်တဲ့ရက်က စလို့” သုံးနှစ်ကျော် ပြီးရင် အရေးယူခွင့်မရှိဘူးဆိုတဲ့အစား၊ “အာဏာပိုင်က စတင်သိရှိတဲ့နေ့ကစလို့” ဆိုပြီး ပြင်ဆင်မှာ ဖြစ်ပါတယ်။ ဒီလိုပြင်ဆင်လိုက်မယ့်ဥပဒေဟာ တပ်မတော်တွင်း ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ လုပ်ပိုင်ခွင့် တိုးချဲ့လိုက်တာမို့လို့ အောက်ခြေအရာရှိ အရာခံနဲ့ အကြပ်တပ်သားတွေပိုပြီး နစ်နာတော့မယ်လို့ ဥပဒေပညာရှင်တွေ သတိပေး ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆွီဒင်နိုင်ငံမှာနေထိုင်တဲ့ ဥပဒေပညာရှင် ဦးအောင်ထူးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org