မဒေးကျွန်းက အရောင်ပြောင်းရေထု အန္တရာယ်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းနားမှာ အရောင်ပြောင်းနေတဲ့ ရေထုထဲမှာ ငါးနဲ့ တိရိစ္ဆာန် တွေကို အန္တရာယ်ပေးနိုင်တဲ့ ခဲဓာတ်တွေ ပါဝင်နေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
-
2018-08-22 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းနားမှာ အရောင်ပြောင်းနေတဲ့ ရေထုထဲမှာ ငါးနဲ့ တိရိစ္ဆာန် တွေကို အန္တရာယ်ပေးနိုင်တဲ့ ခဲဓာတ်တွေ ပါဝင်နေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ စိုးရိမ်ပူပန်မှုတွေ များလာခဲ့ပါတယ်။ ဒီကိစ္စကို အစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာကို အမြန်ဆုံး သတင်းထုတ်ပြန် ပေးစေချင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒီအကြောင်း အပြည့်အစုံကို RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။