အမှတ် (၂) ပလိပ်အထည် စက်ရုံက အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က အမှတ် (၂) ပလိပ်အထည်စက်ရုံက အလုပ်သမားတွေဟာ ၂ လနီးပါး သူတို့တောင်းဆိုချက်တွေကို တောင်းဆို ခဲ့ပေမယ့် စက်ရုံဘက်က လိုက်လျောပေးတာ မရှိတဲ့အတွက် ဒီနေ့ ပလိပ်မြို့မှာ လှည့်လည် ဆန္ဒပြခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က အမှတ် (၂) ပလိပ်အထည်စက်ရုံက အလုပ်သမားတွေဟာ ၂ လနီးပါး သူတို့တောင်းဆိုချက်တွေကို တောင်းဆိုခဲ့ပေမယ့် စက်ရုံဘက်က လိုက်လျောပေးတာ မရှိတဲ့အတွက် ဒီနေ့ ပလိပ်မြို့မှာ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။

အပြည့်အစုံကို  RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။

Panda Textile အထည်စက်ရုံက ဆန္ဒပြ အလုပ်သမားတွေဟာ လုပ်ခလစာတိုးမြှင့်ရရှိဖို့နဲ့ တစ်ပတ်ကို အလုပ်ပိတ်ရက် ၂ ရက်ပေးဖို့အတွက် ရက်ပေါင်း ၆ဝ နီးပါး စက်ရုံရှေ့မှာ တောင်းဆိုဆန္ဒပြနေတာဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို စက်ရုံဘက်က ပြေလည်အောင် မဖြေရှင်ပေးတာကြောင့် ဆန္ဒပြအလုပ်သမား ၇၀၀ ကျော်က ပုလိပ်မြို့ကို လှည့်ပြီး ဆန္ဒပြခဲ့တာပါ။

((ပလိပ်အထည်စက်ရုံပြသနာဟာ စက်မှုဝန်ကြီးငှာနအနေနဲ့အဓိကတာ ဝန်ရှိ တယ်လို့ ဆန္ဒပြ
ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဦးလှကိုကပြောပါတယ်။))

ဦးလှကိုကဒ်

အမှတ် ၁ စက်မှုဝန်ကြီးဌာနအောက်က ပုလိပ်ချည်မျှင်နဲ့ အထည်စက်ရုံကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ပုဂ္ဂလိက Panda Textile ကုမ္ပဏီကို လွဲှပြောင်းပေးခဲ့ပါတယ်။ အဲ့ဒီကုမ္ပဏီ လွှဲပြောင်းရယူစဉ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ အချက်တွေအတိုင်း ဆောင်ရွက်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုနေတာဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့စာချုပ်ကိုတစ်ဘက်သတ်ချုပ်ဆိုချင်တာကြောင့်သူတို့အနေနဲ့ လက်မခံဘူးလို့ဝန်ထမ်းတစ်ဦး ဖြစ်တဲ့ မအေးအေးဖြိုးကပြောပါတယ်။

မအေးအေးဖြိုးကဒ်

ဒီပြသနာဟာဝန်ထမ်းတွေရဲ ့ဘဝနဲ့သက်ဆိုင်တာမို့ဝန်ကြီးဌာနအနေနဲ့ ဖြေရှင်းပေးရမှာဖြစ်တယ်လို့ ဆန္ဒပြဦးဆောင်သူဖြစ်တဲ့ မဇာခြည်ဝင်းကပြောပါတယ်။

မဇာခြည်ဝင်းကဒ်

အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို စက်ရုံက ပြေလည်အောင် မဖြေရှင်းပေးနိုင်ရင် အလုပ်သမားတွေက နေပြည်တော်အထိလမ်းလျှောက်ဆန္ဒပြသွားမယ်လို့လည်း ပြောပါတယ်ခင်ဗျာ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org