စစ်ပွဲတွေနဲ့ပတ်သက်လို့ လွှတ်တော်တွေမှာ ဘာကြောင့်အသံတိတ်နေလဲ

ရခိုင်ပြည်နယ်က စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ အခုချိန်ထိ အသံကျယ်ကျယ်လောင်လောင် ဆွေးနွေးကြတာ၊ အပစ်အခတ်ရပ်ဖို့ တိုက်တွန်းတာ၊ စစ်ပြေးဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ဖို့ဆိုတာတွေ မကြားရပါဘူး။

ရခိုင်ပြည်နယ်မှာ ကင်းလှည့်နေတဲ့ တပ်မတော်သားတချို့ကို တွေ့ရစဉ် Photo: AFP

ရခိုင်ပြည်နယ်က စစ်ပွဲတွေဟာ မြန်မာ့သတင်းတွေမှာ ထိပ်တန်းရောက်နေတာ လေးလကျော် ငါးလနီးပါး ရှိလာခဲ့ပါပြီ။ ဒါပေမယ့် ဒီမိုကရေစီစနစ်ကို ပြောင်းလဲနေပြီဖြစ်တဲ့ ဒီနေ့ကာလရဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ ဒီစစ်ပွဲတွေနဲ့ ပတ်သက်လို့ အခုချိန်ထိ အသံကျယ်ကျယ်လောင်လောင် ဆွေးနွေးကြတာ၊ အပစ်အခတ်ရပ်ဖို့ တိုက်တွန်းတာ၊ စစ်ပြေးဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ဖို့ဆိုတာတွေ မကြားရပါဘူး။

ဒါတွေ ဘာကြောင့်ဖြစ်နေလဲဆိုတာနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org