ရိုဟင်ဂျာတွေကို လက်ခံစောင့်ရှောက်ဖို့ မလေးရှားနဲ့ ထိုင်းကို HRW တိုက်တွန်း

မလေးရှားနိုင်ငံရဲ့ ရေပိုက်နက်ထဲကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၃၀၀ ဝန်းကျင် တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို မလေးရှားကမ်းခြေစောင့်တပ်က ကမ်းကပ် ခွင့်မပေးတာကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက် ကြာသပတေးနေ့က သူတို့လာရာလမ်းကို ပြန်လည်ထွက်ခွာသွားပြီလို့ အနာဒိုလူ သတင်းမှာ သောကြာနေ့ကဖော်ပြပါတယ်။

ရိုဟင်ဂျာလှေစီးဒုက္ခသည်တွေကို တွေ့ရစဉ် Photo: AFP

မလေးရှားနိုင်ငံရဲ့ ရေပိုက်နက်ထဲကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၃၀၀ ဝန်းကျင်တင်ဆောင်လာတဲ့ စက်လှေ တစ်စီးကို မလေးရှားကမ်းခြေစောင့်တပ်က ကမ်းကပ်ခွင့်မပေးတာကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက် ကြာသ ပတေးနေ့က သူတို့လာရာလမ်းကို ပြန်လည်ထွက်ခွာသွားပြီလို့ အနာဒိုလူ သတင်းမှာ သောကြာနေ့က ဖော်ပြပါတယ်။

အဲဒီစက်လှေဟာ ပင်လယ်ထဲမှာ ၃ လကျော်ကြာမြင့်ပီး အစောပိုင်းမှာ ထိုင်းနိုင်ငံထဲက Koh Adang (ခိုအဒန်း) ကျွန်းနားကို ရောက်လာတာလို့ ဒေသတွင်းသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

အဲဒီကနေ မလေးရှားရေပိုင်နက်ကို ရောက်လာတာလို့ မလေးရှား ကမ်းခြေစောင့် တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလှေစီးဒုက္ခသည်တွေဟာ ဘယ်နိုင်ငံကထွက်လာတာလဲ ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကလည်း မလေးရှားနိုင်ငံ ရေပိုင်နက်ထဲကို ရောက်လာတဲ့ စက်လှေတစ်စီးပေါ်က ရိုဟင်ဂျာ ၂၆၉ ယောက်ကို မလေးရှားအာဏာပိုင်တွေက ထိန်းသိမ်းလိုက်ပါတယ်။ လန်ကာဝီကျွန်း အနီးက ကမ်းလွန်ပင်လယ်မှာ အဲဒီစက်လှေကို တွေ့ရှိခဲ့ပြီးနောက် လှေကို နိုင်ငံတကာရေပိုင်နက်ထဲကို ပြန်ပြီး မောင်းထုတ်ဖို့ မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့က ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ လှေဟာ အင်ဂျင်စက်ချွတ် ယွင်းနေတာ တွေ့ရတဲ့အတွက် လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ကမ်းခြေကို ဆွဲယူခဲ့တယ်လို့ မလေးရှားအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

မလေးရှား ကမ်းခြေစောင့်သင်္ဘော ကပ်သွားချိန်မှာ စက်လှေပေါ်က ရိုဟင်ဂျာအယောက် ၅ဝ ကျော်က ရေထဲကိုခုန်ချပြီး ကမ်းခြေကို ရေကူးထွက်ပြေးဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီစက်လှေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ထွက်ခွာလာတာဖြစ်ပြီး လှေပေါ်မှာ ကော့ဆက်ဘဇား ဒုက္ခသည်စခန်းကနေ ထွက်ပြေးလာတယ်လို့ ယူဆရတဲ့ ရိုဟင်ဂျာ အယောက် ငါးရာလောက် လိုက်ပါလာတယ်လို့ အမည်မဖော်လိုတဲ့ မလေးရှားအရာရှိတစ်ဦးက ပြောပါတယ်။ စက်လှေမောင်းလာတဲ့ လှေသား ကိုးယောက်ကတော့ မလေးရှားရေပိုင်နက်ထဲကို ဝင်လာပြီးချိန်မှာ စက်လှေကိုစွန့်ပြီး ထွက်ပြေးသွား ကြတယ်လို့လည်း သိရပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က အာရှဒေသဆိုင်ရာ အမှုဆောင်ဒါရိုက်တာ ဘရက်အဒမ် က ပင်လယ်ပြင်မှာ လှေစီးရိုဟင်ဂျာတွေကို မလေးရှားနှင့် ထိုင်းနိုင်ငံတို့အနေနဲ့ အရေးပေါ်ကယ်ဆယ်ပြီး နိုင်ငံရေးခိုလှုံခွင့်ရဖို့ အကူအညီပေးသင့်တယ်လို့ မနေ့က ပြောလိုက်ပါတယ်။

မလေးရှား ကာကွယ်ရေးဝန်ကြီး အစ္စမေးလ် ဆာဘရီ ယာကွတ်က သူတို့ဆီမှာထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကိုပြန်ပို့ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာတွေ အနေနဲ့လည်း သိထားသင့်တာက သူတို့ဒီကိုလာပေမယ့် မလေးရှားမှာ နေခွင့်ရမှာမဟုတ်ဘူးလို့လည်း သူက ထပ်လောင်းပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်ကတော့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မဟုတ်ဘူး မြန်မာနိုင်ငံမှာ ရာစုနဲ့ချီပြီး နေခဲ့ကြတဲ့သူတွေဖြစ်တယ်။ ဒါကြောင့် သူတို့ကိုပြန်ခေါ်ဖို့ တာဝန်မရှိဘူးလို့ ဇွန်လ ၉ ရက်နေ့က ပြောပါတယ်။

ကုလသမဂ္ဂကတော့ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာတွေ ဒါဇင်ပေါင်း များစွာ သေဆုံးခဲ့ရပြီးနောက်ပိုင်း သူတို့ကို ကမ္ဘာပေါ်မှာ နှိပ်စက်ညှဉ်းပန်းမှုအခံရဆုံး လူတွေအဖြစ် ဖော်ပြထား ပါတယ်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းခွင့်အဖွဲ့ (AI) ရဲ့ အဆိုအရ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ  မြန်မာနိုင်ငံ ကတော့ ထွက်ပြေးတိမ်းရှောင်ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ခုနှစ်သိန်း ငါးသောင်းကျော်ရှိပြီး အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org