စစ်ပွဲကြောင့် ကျောင်းတွေ ပြန်မဖွင့်နိုင်သေး
ဇွန်လ ၁ ရက်နေ့ကစပြီး အခြေခံပညာကျောင်းတွေ စတင်ဖွင့်လှစ်နေပြီဖြစ်ပေမယ့် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေက တချို့မြို့နယ်တွေမှာ စာသင်ကျောင်းတွေ ပြန် မဖွင့်နိုင်သေးပါဘူး။
-
2016-06-08 -
-
-
Your browser doesn’t support HTML5 audio
ဇွန်လ ၁ ရက်နေ့ကစပြီး အခြေခံပညာကျောင်းတွေ စတင်ဖွင့်လှစ်နေပြီဖြစ်ပေမယ့် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေက တချို့မြို့နယ်တွေမှာ စာသင်ကျောင်းတွေ ပြန်မဖွင့်နိုင်သေးပါဘူး။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာနေရာတွေကနေ မြို့ပေါ်ကျောင်းတွေကို ပြောင်းရွှေ့အပ်နှံကြတာကြောင့် အဲဒီ့ကျောင်းတွေမှာ ကျောင်းသားဦးရေနဲ့ ဆရာ၊ ဆရာမဦးရေ မမျှမတ များပြားနေတဲ့အပြင် စာသင်ဆောင်နဲ့ တခြားလိုအပ်ချက်တွေလည်း ရှိလာနေပါတယ်။
RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။