သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-28
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို တရားစွဲဆိုနိုင်ဖို့အတွက် သက်သေအထောက်အထားတွေ လေ့လာစုဆောင်းမယ့် အဖွဲ့တဖွဲ့ဖွဲ့စည်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC က မနေ့က ဆုံးဖြတ်လိုက်ပါတယ်။
2018-09-28
မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုဖို့အတွက် အထောက်အထားတွေကို စုဆောင်းလေ့လာမယ့် လွတ်လပ်တဲ့ အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။
2018-09-28
တရုတ်ရဲ့ အကြီးမားဆုံး အိမ်မက်ဖြစ်တဲ့ BRI ခေါ် စြင်္ကန်နဲ့ ပတ်လမ်း စီမံကိန်းမှာ မြန်မာက အဓိကအကျဆုံး နေရာမှာရှိနေတာပါ။ အရင်က စစ်တပ်နဲ့ စစ်အစိုးရဟာ တရုတ်နဲ့ နီးစပ်ခဲ့ပေမယ့်၊ အခုအခါ NLD အစိုးရက တရုတ်နဲ့ ပိုပြီးနီးလာနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
2018-09-27
TNLA တအာင်းပလောင် လွတ်မြောက်ရေး တပ်မတော်က ဖမ်းထားတဲ့ ရှမ်းတိုင်းရင်းသူ နန်းမိုဟွမ်ကို ပြန်လွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဒီနေ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2018-09-27
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို “လူမျိုးတုံးသတ်ဖြတ်မှု” အဆင့် သတ်မှတ်သင့် - မသင့် အမေရိကန်အစိုးရက စဉ်းစားနေဆဲ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။
2018-09-27
အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက လက်ခံကျင်းပတဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံး သုတ်သင်သတ်ဖြတ်နေတယ် ဆိုတဲ့ခေါင်းစဉ်နဲ့ ကြားနာပွဲအကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြပါလိမ့်မယ်။
2018-09-26
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံက ပါဝင်ကူညီနေတာဟာ မြန်မာအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဆန္ဒအရ ဖြစ်တယ်လို့ တရုတ်အစိုးရ အာဘော် သတင်းစာဖြစ်တဲ့ Global Time သတင်းစာက စက်တင်ဘာလ ၂၅ ရက် မနေ့က ရေးသားလိုက်ပါတယ်။
2018-09-26
လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဥပဒေချုပ်နေရာမှာ အငြိမ်းစားညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးကြည်ကို ခန့်အပ်ဖို့အတွက် ဒီကနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။
2018-09-26
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဓာတ်ပုံ ပေါ်မှာ “လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် အလိုရှိသည်” ဆိုတဲ့စာသားတွေ ရေးသားပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့ပေါ်မှာ လှည့်လည်တဲ့ လှုပ်ရှားမှုတခုကို Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2018-09-26
တရုတ်နယ်စပ်မြို့တွေမှာ အငှားကိုယ်ဝန်ဆောင်ပေး ဖို့ အမျိုးသမီးအလုပ်သမား အလုပ်ခေါ်စာတွေ တွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အငှားကိုယ်ဝန်ဆောင်တဲ့ ဈေးကွက်တစ်ခု ပေါ်ပေါက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
2018-09-26
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရက်ရက်စက်စက် ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်တပ် တာဝန်ရှိသူတွေကို အမေရိကန်ပြည်ထောင်စုက ပိုမိုဖိအားပေး အရေးယူသင့်တယ်လို့ HRW လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနကနေ - ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရနေတာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ထုတ်ပြန်အပြီး နောက်တရက်မှာပဲ HRW က ပြောဆိုခဲ့တာပါ။
2018-09-26
စက်တင်ဘာလ ၂၅ ရက် မနေ့က ထုတ်ဝေတဲ့ Washington Post ဝါရှင်တန်ပို့စ် သတင်းစာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono တားရို ကိုးနိုက The world must support Myanmar and Bangladesh မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်ကို ကမ္ဘာက ထောာက်ခံကူညီကြရမယ်လို့ တိုက်တွန်းရေးသားထားတဲ့ ဆောင်းပါးတပုဒ်ပါရှိပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး က ကောက်နုတ်တင်ပြပါလိမ့်မယ်။
2018-09-25
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ကမန်လူမျိုးအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးနေတာ တွေကို ပြန်လည်စိစစ်ဖို့နဲ့ ကမန်လူမျိုးမဟုတ်သူတွေကို ကမန်လူမျိုးအဖြစ် မှားယွင်းထုတ်ပေးထားတာတွေ ကိုလည်း ပြန်ရုတ်သိမ်းပေးဖို့ ပြည်ထောင်စုအစိုးရကို ပြည်နယ်အစိုးရက တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2018-09-24
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီစည်းကမ်းတွေ တင်းကြပ်တာကို အကြောင်းပြပြီး ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဟာ မနေ့က ပါတီကနေ နုတ်ထွက်သွားပါတယ်။
2018-09-24
ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေး အဆမတန်မြင့်တက်နေသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။ ဒေါ်လာကို တရားမဝင် ဈေးကွက်ဖွင့်ပြီး ရောင်းဝယ်နေသူတွေကြောင့် ဒေါ်လာဈေး ကမောက်ကမ ဖြစ်စေတဲ့အတွက် အစိုးရကလည်း အရေးယူမယ်လို့ ကြေညာခဲ့ပါတယ်။